Professional Authors

မင်းကြောင့် 

လွမ်းဖို့ 
လှမ်းလို့ ဖန်လိုက်တဲ့ ငါ့ ကြမ္မာမှာ
နက္ခက်ဆိုးဆိုးတွေကို
တစ်ပါတည်းဘောင်ကွပ်ပြီးသားပဲလားလို့ 
တွေတွေလေးတွေးမိလိုက်တော့ 
ငါဟာကျိန်စာသင့် လွင်ပြင်တစ်ခုမှာ
ဖြက်ပြေးနေတဲ့ သူလို
လွမ်းလိုက်တာ
လွမ်းလိုက်တာ
လွမ်းလိုက်ရတာ

…………………
ငါ့ ကိုငါစိုက်ပျိုးလို့ 
မရှင်သန်နိုင်ခင်မှာ
ငါ့ ကိုယ်ငါ့ 
ဆွဲနှုတ်မိလို့ 
ငါ့ ကိုယ်တိုင်
ပြန့် ကြဲနေတဲ့ 
ကောင်းကင်ဖြစ်လိုက်
လွင့် မျောနေတဲ့ တိမ်တိုက်ဖြစ်လိုက်နဲ့ 
ကဗျာဆန်ချင်သလိုဆန်ကြည့် လိုက်တော့ 
ငါ့ ပန်းချီကားမှာစုပ်ချပ်တွေ
ထပ်နေတာတွေ့ လိုက်တယ်
အဲ့ ဒါဟာ
လောင်းရိပ်မိလို့ ပေါ့ 
နိုး…နိုး
လွမ်းရိပ်မိလို့ ပါ

မင်းလူန

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

ကဗျာလေးက တကယ်မိုက်တယ် အထူးသဖြင့်ါ့ ကိုငါစိုက်ပျိုးလို့ 
မရှင်သန်နိုင်ခင်မှာ
ငါ့ ကိုယ်ငါ့ 
ဆွဲနှုတ်မိလို့ 
ငါ့ ကိုယ်တိုင်
ပြန့် ကြဲနေတဲ့ 
ကောင်းကင်ဖြစ်လိုက်
လွင့် မျောနေတဲ့ တိမ်တိုက်ဖြစ်လိုက်နဲ့  ” ဆိုတဲ့နေရာလေးကိုပိုကြိုက်တယ်

commentinfo By: lucifer at Aug 2, 2010
Comment #2

ကျေးဇူးပါနော်
အားပေးလို့ 

commentinfo By: kathitni1980 at Aug 2, 2010
Comment #3

” ငါ့ ကိုငါစိုက်ပျိုးလို့ 
မရှင်သန်နိုင်ခင်မှာ
ငါ့ ကိုယ်ငါ့ 
ဆွဲနှုတ်မိလို့  ”
အရမ်းကောင်းတာပဲ

commentinfo By: virtualheart at Aug 2, 2010
Comment #4

ငါ့ ပန်းချီကားမှာစုပ်ချပ်တွေ
ထပ်နေတာတွေ့ လိုက်တယ်
အဲ့ ဒါဟာ
လောင်းရိပ်မိလို့ ပေါ့ 
နိုး…နိုး
လွမ်းရိပ်မိလို့ ပါ

like this words friend

commentinfo By: အသဲကွဲ မိုး at May 16, 2012
Comment #5

really excellent

commentinfo By: ei lay at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment