Professional Authors

မာယာ နဲ့ မင်း

အမုန်းစကားများ နှလုံးသားမှာ
ခါးသီးစွာဖြင့် ထိုးနှကထားခဲ့
လုပ်ရက်တယ် … မင်း
နိုင်သူရဲ့ပုံရိပ် ငါ့မျက်ဝန်းရဲ့ရှေ့ မှာ
ရက်စက်စွာ လှောင်ပြောခဲ့
ရွဲ့ လွန်းတဲ့  … မင်း
မာန်ထောင် ဟန်ဆောင် အပြုံးတွေနဲ့
လှည့်စားကာ တမင်ဖန်တီးခဲ့
လွန်လွန်းတယ် … မင်း
မျက်စကိုပစ် ချစ်သည့်ဟန်ဆောင်
ယောင်အနေသူ ငါလိုလူမှ နင်လှည့်စားခဲ့
ရွံလွန်းတယ် … မင်း

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

🙁

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment