Professional Authors

မနာမကျင်အသက်ထွက်နည်းဟာ မင်းပဲ သီယာ

သီယာ …
မင်းဆီက ငါရလိုက်တဲ့နောင်တဟာ အလှဆုံးပဲ
ချစ်တယ်ဆိုတဲ့ စကားကို
ငါ့ဆီမှာ နားကြပ်တစ်ဖက်တည်းနဲ့လည်း အကုန်လုံးကြားရတယ်
သူတို့က နားမလည်ဘူးတဲ့
မင်းက ရက်စက်တယ်
နှင်းဆီလို တပွင့်ပြီးတစ်ပွင့် ဆူးတွေ
ပြီးတော့
ခန့်မှန်းရခက်တဲ့ နာရီတွေမှာ ရွေ့လျားသူ
အချစ်ရယ်
နူးညံ့တဲ့ ရင်သားတွေနဲ့ ညလေ
ငါ့ကိုယ်ငါပစ်သတ်ဖို့သေနတ်တစ်လက်ကို
သူ ယူဆောင်သွားတယ်
အချစ်ဟာ အခါခါသေဆုံးရခြင်းပဲ
အချစ်မှာ အခါခါသေဆုံးသွားတဲ့
လမ်းလျှောက်တတ်တဲ့ ဝေဒနာအစိုင်အခဲကို
ဘယ်သူတွေ မေ့လျော့သွားကြလဲ
ငါက သူတို့ကို ပြောလိုက်တယ်
မနေ့ကလည်း မင်းကို ငါရတယ်
ဒီနေ့လည်း မင်းကို ငါရတယ်
မင်းရဲ့ လိင်စိတ် မ၀တ်ဆင်ထားတဲ့ ကမ္ဘာ
မင်းရေးတဲ့ လက်ရေးလက်သားထဲက အဆိပ်အတောက်တွေ
အကုန်လုံးကို ငါ ရတယ်
ဒါပေမဲ့ ဒီလိုလေ
ငါ့အတွက် ဘယ်တော့မှ ရိုးသွားတယ်လို့ မရှိဘူး

In: ကဗျာ Posted By: Date: Jan 8, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment