Professional Authors

PoemsCorner Authors

ကျွန်တော်ဟာ မမဆံပင်တွေပွေ့ဖက်တာခံလိုက်ရတဲ့ လေပြည်ရိုင်းကလေးဖြစ်တယ်

ပင်လယ် လေ
တစ်ယောက်တည်း သူစိမ်းဆန်သူပါးပြင်
ရောင်နီတွေလာတဲ့အခါ
တစ်ညလုံးမအိပ်ဘဲ စိတ်ကိုထိခိုက်ပစ်ခဲ့တာပေါ့
မမရေ
ကိုယ်ဟာ လေပြည်ရိုင်းပါကွဲ့
အိပ်မက်ထဲကလိုဆွေးမြည့် ညနေရီ
ဝေဒနာမကုန်ပဲ ကံကုန်ခဲ့သူ အမှောင်
သင်းကွဲညရထားနဲ့လာခဲ့တယ်
ဘ၀မှာ အခါခါရှင်ခဲ့ဖူးပါရဲ့
ဖြစ်ချင်းဖြစ် ရှက်တတ်တဲ့ နှင်းစက် ကလေးပဲဖြစ်မယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ကြေး၊ မကြားကြေး
နွေးပါစေတော့လို့
မမရဲ့အအေးဓာတ်ကို ဖွက်ကာ သိမ်းဆည်းခဲ့ပါတယ်
မမရေ
မင်းရဲ့အိမ်ရှေ့ တံခါးပေါက်နားက
အရိပ်မရှိတဲ့ သစ်ပင်ဟာ ငါပေါ့
မမရေ
မင်းကျပျောက်သွားတဲ့ ဓားတစ်ချောင်းရဲ့
မရက်စက်တတ်တဲ့ အပိုင်းဟာ ငါပေါ့
မမရေ
ငါ့ကိုသတ်ဖြတ်ပါ
မင်းဆိုနေကျသီချင်းထဲက
သေနေတဲ့အသံဟာ ငါပဲပေါ့

In: ကဗျာ Posted By: Date: Dec 22, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment