Professional Authors

ရင်လွဲသူ့ အချစ်အကြောင်း

သူနဲ့ပတ်သက်လို့
အိပ်မက်တွေ တလှေကြီးပဲ
အထားသိုမတတ်တော့
အခန်းပြည့် အမှိုက်လိုပုံနေတယ်။

ရေပူရေချမ်း ကမ်းလှမ်းရလောက်အောင်လည်း
အထာမနပ်တော့
ရင်ဘတ်တခြမ်းနဲ့ ထ ထ ခုန်
မြူးကြွရတာလည်း အမော။

ငါ့အတွက်တော့
အချစ်ဆိုတာ
tarantula ပင့်ကူဆိပ်မိထားသလိုပဲ
အဆိပ်ပြယ်အောင် မမောမပမ်း
စိတ်ကြိုက်တီးလုံးနဲ့ ကိုးယိုးကားယား ကနေရတယ်။
ရပ်လို့လည်း မရ ၊
ဆက် က ဖို့ကလည်း မော။

ဒီတော့ဟာ
ငါလည်း နင့်ကမ်းက ခွါတာပါပဲ
ဒီလှေ
ကြိုးဖြည်ဖို့မေ့နေတာတော့
ကံကိုပဲ ပုံချတာပေါ့။

In: ကဗျာ Posted By: Date: Jan 10, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment