Professional Authors

မောင့်ထံပါး

ဆာကူရာပန်း
လန်းပွင့်ဆန်းရာ
ဟိုအဝေးတစ်နေရာက
အိပ်စက်မရ
ဒီတစ်ည

လသာဆောင်ဘေး
မျှော်ကာတွေးရင်း
ဝေးကချစ်သူ
မောင့်ထံပါးသို့
ရောက်ရှိစိတ်အစဉ်
ရင်မှာနွမ်းလို့
အကြင်နာအလွမ်းတို့
သယ်ဆောင်ကာပေး
လေညှင်းလေးရေ

မှန်ဇာဖြူပြတင်း
ငွေလရောင် အလင်း
ထိုးကာဆင်းနေ
ထိုအခန်းတွင်းဝယ်
မှေးစက်နားယူ
မေ့ချစ်သူ

ထူမှောင် မျက်ခုံး
မှေးစက်မျက်လုံး
မှဲ့နက်လေးတွေ ဝန်းကာရံနေ
နူးညံ့ပါးပြင်
ညင်သာထိကပ်
မေ့ချစ်သူမောင်
လန့်မနိုးအောင်
တိုးတိုးကလေး
ဆောင်ပါးကာပေး
အလွမ်းပြေအနမ်းလေး
.
.
.
မေဃ

In: ကဗျာ Posted By: Date: Mar 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment