Professional Authors

အကောင်းဆုံးဆေး

ကျွန်တော်သည် အဆိပ်မတက်တတ်ပါ
အာရုံခံစားမှုတွေတွန့်လိမ်ကောက်ကွေးနေ၍ဖြစ်သည်။

ကျွန်တော်သည် စိတ်မပျက်တတ်ပါ
ဖောက်လွဲဖောက်ပြန်ကမ္ဘာကြီးထဲအသားကျနေ၍ဖြစ်သည်။

ကျွန်တော်သည် လာမည့်ဘေးမမြင်တတ်ပါ
ကိုယ့်ရှင်သန်မှုနှင့်ကိုယ်အလုပ်ရှုပ်နေရ၍ုဖြစ်သည်။

ကျွန်တော်သည် ခေါင်းငြိမ့်ခေါင်းခါမလုပ်တတ်ပါ
မသိမတတ်မလုပ်ငြင်းဆိုမှုတွေထဲခေါင်းနှစ်ထားရ၍ဖြစ်သည်။

ဒီတော့…ကျွန်တော်သည် အထက်ပါအတိုင်းပဲလုပ်တတ်ပါသည် ။ ။

ဆိုက်ပရပ်စ်လင်း ၂၀၁၄

In: ကဗျာ Posted By: Date: Jul 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment