Professional Authors

နွယ်

နွယ်
တစ်ပင်ရစ်ငင် သူအုပ်စိုး
သံယောဇဉ်တွေတိုးလည်း
မရိုးသေးပါလား
နွယ်

နွယ်
တစ်ပင်လွန်ဟောင်း သူလှစ်ပြောင်း
ချစ်ဟောင်းစွန့်ပယ်
ရက်စက်ပါလား
နွယ်

နွယ်
အခြေကောင်းဆဲ ဘ၀ထဲတော့
ထပ်ရစ်ကုပ်တွယ်
တက်နေဆဲလား
နွယ်

နွယ်
တစ်ပင်လဲချိန် တူယှဉ်ပါလို့
မြေ၀ယ်ဝပ်တွား
ကျန်မနေစေသားနဲ့
နွယ်

နွယ်ကိုသိပ်ချစ်တယ်

+ နောင်ရိုးစစ် +

In: ကဗျာ Posted By: Date: Mar 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment