Professional Authors

အဝေးက မ….

ရွှေမရှား ငွေမရှား…
အခုခေတ်ကြီးမှာရှားပါးနေတာ…
သစ္စာတရား…
ရွှေတော့မပေးနိုင် စိန်တော့မပေးနိုင်ဘူး..
ဒါပေမယ့်..
ဘဝနဲ့ရင်းလို့တော့ ကျိန်ပေးနိုင်တယ်..
ကျနော့် ရင်မှာ…
မ တစ်ယောက်ကိုသာ အချစ်ဆုံးပါ..
အနေဝေးလို့တွေးမကြောက်နဲ့…
ကျနော့် ဘယ်ဘက်ရင်အုံက..
သွေးတစ်စက်က..
မ ရှိတဲ့အရပ်ပွင့်ထွက်ပြီးပြီလေ..

 

In: ကဗျာ Posted By: Date: Aug 13, 2013
Comment #1

)* – *(
– _ –

commentinfo By: ei lay at Aug 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment