Professional Authors

ညီမလေးရေ . . .

ညီမလေးရေ . . .

မိုးတွေ . . .

အ ရမ်း သည်း နေ ပြီ

 

အဲကွန်း ခန်းလေးထဲ

Cool 20 လောက်နဲ့

အနွေးထည် ခပ်ပါးပါး

ကော်ဖီပူပူ တစ်ခွက်

မင်းအတွက် . . .

ကျေနပ်စရာတွေနဲ့ပေါ့ . . .

 

အခန်းရဲ့အပြင်မှာတော့

မိုးသည်းသည်းထဲ

ငရဲ တွေ ပြည့်နေတယ် . . .

 

အပေါ် ရေ

အောက် ရေ ကြားမှာ

အဘွားအို ရဲ့ မေးရိုက်သံတွေ ရှိတယ်

အဖျားလွန်ခလေးငယ်ရဲ့

ကယောင်ကတမ်းမြည်တမ်းသံတွေ ရှိတယ် .

သူတို့နဘေးမှာ

ဘဲဥတစ်ခြမ်းနဲ့ ထမင်းထုပ်က

ရေအရွှဲသား . . .

စားမှ စားနိုင်ပါ့မလားလေ . . .

 

ညီမလေးရေ . . .

မင်းရဲ့

အသည်းနှလုံး

မင်း အပြုံးထက် လှစေဖို့ အတွက်. . .

မင်းရဲ့

ကော်ဖီတစ်ခွက်

သူတို့ အတွက်

ထမင်းတစ်နပ်သာ ဖြစ်နိုင်ခဲ့ရင်

. . . . . . . . . . . . .

လူတွေမြင်မြင် မမြင်မြင်ကွယ်

ဒီရာဇ၀င်မှာတော့

မင်းဟာ . . .

အကြင်နာ သခင်ပါပဲ ။  ။

In: ကဗျာ Posted By: Date: Aug 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment