Professional Authors

မင်းတို့အသိုင်းအ၀ိုင်းကသတ်မှတ်တဲ့အရိုင်းအစိုင်း

မင်းတို့အသိုင်းအ၀ိုင်းကပြောတယ်
ငါကအရိုင်းအစိုင်းတဲ့…….။
ဟုတ်ပါတယ်…….
ငါက…ဘုရားပေါ်ရောက်တိုင်းဦးသုံးကြိမ်ချ
လူရှိန်အောင်ရှိခိုးမပြတတ်တော့
မင်းတို့လေးစားတဲ့လူလိမ္မာတစ်ယောက်မဟုတ်ဘူးပေါ့……….။
သူတောင်းစားမြင်တိုင်း
သနားကြည့်ကြည့်ပြီး
ထောင်တန်ကြားကအကြွေထုတ်
ဟန်လုပ်ပြီးမလှူဒါန်းတတ်တော့
မင်းတို့အမြင်မှာစေတနာခေါင်းပါးတဲ့ကောင်ပေါ့……….။
လူကြီးဆိုတိုင်းမလေးစား
အသိပညာကိုအရေးထားတဲ့အခါ
မင်းတို့အသိုက်အမြုံက
အမှိုက်ပုံလောက်တောင်မသတီတဲ့ကောင်ပေါ့…………။
မင်္ဂလာယူရမယ့်အချိန်မှာဟန်ဆောင်နေကြတဲ့
မင်္ဂလာဆောင်တွေကိုအထင်မကြီးတတ်တော့
မင်းတို့အမြင်မှာရူးကြောင်ကြောင်ကောင်ပေါ့……..။
တစ်သွေးတစ်သံတစ်မိန့်စနစ်ကိုအံတု
လွတ်လပ်မှုကိုပဲဗဟိုပြုတတ်တဲ့အခါ
မင်းတို့အသိုင်းအ၀ိုင်းက
နှောင့်ယှက်သူလို့ခိုင်းနှိုင်း
အတင်းမုန်းခိုင်းကြတဲ့…..ဗီလိန်ကောင်ပေါ့………………။

In: ကဗျာ Posted By: Date: May 28, 2012
Comment #1

the most important is u & ur lover.
don’t b nervous.

commentinfo By: ei lay at May 28, 2012
Comment #2

အရေးအသားကတော့ မလေးစားပဲကိုမနေနိုင်ဘူးဗျာ…
ဖြစ်နိုင်ရင် ကျနော်ခံစားချက်တွေကို ဖော်ထုတ်ဖို့ကြေးစားအဖြစ်တောင်ငှားချင်ပါတယ်…

လေးစားလျက်

commentinfo By: deadxromeo at Apr 23, 2013
Comment #3

Never become an outsider whatever…

commentinfo By: kyawsanoo at Apr 23, 2013
Comment #4

a yan kaung dal

commentinfo By: cynthia at Apr 24, 2013
Comment #5

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: werewolf at Sep 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment