Professional Authors

(ဖြိုးဖြိုး)

ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ဖြစ်သလို
ထူးထူးခြားခြား နေ့လေးလည်းဖြစ်တယ်
ဆိုပေမယ့်..
လူပြောများလွန်းတဲ့
၁၁.၁၁.၁၁ တို့
၁၂.၁၂.၁၂ တို့တော့မဟုတ်ဘူးပေါ့..
ဒါပေမယ့်
happy birthday ပါလို့ပြောဖို့
အများကြီးကို လုံလောက်တဲ့ ဧပြီလရဲ့ရက်မြတ်လေးတစ်ရက်ဖြစ်တယ်..

ဒီနေ့တော့
သိုးတွေလည်း ရေမနေပါနဲ့..
ကြယ်တွေလည်း ရေမနေပါနဲ့..
choco flavor ပါတဲ့ကိတ်မုန့်ကိုစား
မေမေ့ကို သတိတရ ဖုန်းဆက်.. ပြီးတော့ အများကြီး ချစ်တယ်လို့ပြော
ပျော်ဖို့ကောင်းတဲ့ သီချင်းလေးတွေ နားထောင်..
wish တွေ လက်ဆောင်တွေ အားလုံးကို ကြည်ကြည်နူးနူးနဲ့ လက်ခံ
အဲလိုလေးနဲ့ ဧပြီလရဲ့ရက်မြတ်လေးဟာ
ပျော်ရွှင်ဖွယ်အတိနဲ့ ပြုံးရွှင်စွာ ပြည့်စုံနေပါစေ..

‘စိတ်ချမ်းသာမှု’ ဆိုတဲ့ အရာကသာ
ဘ၀ရဲ့ အောင်မြင်မှုကိုတိုင်းတဲ့ unit ဖြစ်ခဲ့ရင်..
ကမ္ဘာ့ အအောင်မြင်ဆုံး လူသားဖြစ်ပါစေ..

ဟိုးနောက်ကိုပြန်သွားချင်စရာကောင်းတဲ့
ခမ်းခမ်းနားနား အတိတ်တွေရှိခဲ့သလို
ပျော်ရွှင်အေးချမ်းတဲ့ အနာဂတ်တွေကိုလည်း
ပိုင်ဆိုင်ပါစေ..

တိုတိုလေးဆိုတဲ့ ဘ၀မှာ
မနက်ဖြန်တွေကတော့ အများကြီးရှိသေးတယ်..
အဲဒီမသေချာဘူးဆိုတဲ့
မနက်ဖြန်တွေတိုင်းမှာလည်း
ပျော်ရွှင်မှုတွေ ပန်းလိုပွင့်လန်း မွှေးမြပါစေ
ဘ၀ ရဲ့ လမ်းတွေတိုင်း ဆူးငြောင့်ကင်းပြီး
ငြိမ်းချမ်းပါစေ
အေးချမ်းပါစေ
ကြည်လင်ပါစေ

ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေအတွက်
ဆုံးဖြတ်လို့မရနိုင်တဲ့ အမှား အမှန်တွေ အားလုံးအတွက်
အားအင်တွေ၊ အချိန်တွေ ကုန်မယ့်အစား
ရောက်ရှိနေတဲ့
ရောက် ရှိ လာ ဦး မယ့်
ပစ္စုပ္ပန်တိုင်းကိုသာ
အားအင်အပြည့်နဲ့
လျှောက်လှမ်းသွားပါ
အေးချမ်းစွာ.. ပျော်ရွှင်စွာနဲ့ အောင်မြင်စွာ..

ဟိုးက လခြမ်းလေးလိုပဲ
မပြည့်စုံခဲ့ရင်တောင်
အေးချမ်းနေပါစေ..

ရင့်ကျက်လွန်းတယ်ဆိုပေမယ့်
ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ..
အတွေးတွေကိုလည်း ဂရုစိုက်ပါ..
အိပ်မက်တွေကို ဂရုစိုက်ပါ..
အစစအရာရာ ဂရုစိုက်ပါ..

အမြဲတမ်းရဲ့ နေ့ရက်တိုင်းမှာ
နွေးနွေးထွေးထွေး အိပ်ပျော်နိုင်ပြီး
ကြည်ကြည်လင်လင် နိုးထလာနိုင်ပါစေ

စီချလိုက်တဲ့ အက္ခရာတိုင်းက
ကြည်လင်အေးမြပြီး
ဖြစ်လာတဲ့ ကဗျာတိုင်းဟာလည်း
စိတ် ရဲ့ငြိမ်းချမ်းခြင်းကိုဆောင်လို့..

သက္ကရာဇ်တိုင်းရဲ့ မွေးနေ့တိုင်းမှာ
ပျော်ရွှင်အေးချမ်းနေပါစေ..
သက္ကရာဇ်တိုင်းရဲ့ မွေးနေ့တိုင်း
ပျော်ရွှင်အေးချမ်းနေသလို
ဘ၀ရဲ့ နေ့ရက်တိုင်းပျော်ရွှင်အေးချမ်းနေပါစေ..

ဖြိုးဖြိုး

In: ကဗျာ Posted By: Date: May 28, 2012
Comment #1

excellent,
super like,
million thz,
i wish i could,

commentinfo By: ei lay at May 28, 2012
Comment #2

ဝါးး
မိုက်တယ်
အ၇မ်းကြိုက်သွားပီ

commentinfo By: ဖူးမေ at May 29, 2012
Comment #3

စိတ် ရဲ့ညိမ်းချမ်းခြင်းကိုဆောင် လို့

commentinfo By: Nothing Special at Jul 27, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment