Professional Authors

ငါကလွဲလို့ ဘယ်သူကသိမှာလဲ…

ငါ့ကို တစ်ခါမှ စိတ်ညစ်အောင် မလုပ်ဖူးဘူးတဲ့လား…..
နင့်ကြောင့် ကျတဲ့မျက်ရည်တိုင်း
တိတ်တဆိတ် ရယ်မောရင်း ဟန်ဆောင်နေခဲ့တာ
ငါကလွဲလို့ ဘယ်သူက သိနိုင်မှာလဲ……

ငါက သ၀န်အရမ်းတိုတယ်တဲ့လား….
သ၀န်တိုတယ်ဆိုတာ ရစ်ချင်လို့မှ မဟုတ်တာ
နင့်ကို စိတ်ပူလို့ တားမြစ်မိ ပြောမိတာတွေ
ဆုံးရှုံးရမှာ ကြောက်လို့ဆိုတာ
ငါကလွဲလို့ ဘယ်သူက သိနိုင်မှာလဲ….

ငါ့ကို တစ်ခါတစ်လေ အရမ်းလွမ်းတယ်တဲ့လား….
နင်မလွမ်းရင်တောင် ငါက အမြဲသတိရတယ်
ခုနင်လွမ်းတယ်ပြောတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူက
ငါကလွဲလို့ ဘယ်သူရှိဦးမှာလဲ…..

ဒီနေ့ည ဖုန်းဆက်မယ်တဲ့လား…..
အချိန်တွေ နေရာတွေ ဘယ်လို ခြားနား
အမြဲ နင့်ဖုန်းကို မျှော်နေတုန်းဆိုတာ
ငါကလွဲလို့ ဘယ်သူသိမှာလဲ…..

In: ကဗျာ Posted By: Date: May 26, 2012
Comment #1

လင်း…
ခံစားအားပေးသွားပါတယ်.။

commentinfo By: poem.poem28 at May 26, 2012
Comment #2

hote pa,,
hman pa,,
htout khan par ei,

commentinfo By: ei lay at May 26, 2012
Comment #3

အာပေးသွားပါတယ်..နော်
ခံစားချက်ချင်းထပ်..တူညီနေလို့…
ဒါပေမယ့်…သူ..က..တော့..ဖုန်း..ဘယ်တော့မှ..စ..ဆက်.မှာ.မဟုတ်..ပါ..ဘူး

commentinfo By: Shilo at May 27, 2012
Comment #4

Yes How should i do to know some one?

commentinfo By: thazin at May 28, 2012
Comment #5

ငါကလွဲလို့ ဘယ်သူကသိမှာလဲ….

commentinfo By: နွေ at Oct 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment