Professional Authors

ဖြေရှင်းချက်

အမှားတွေလုပ် လုပ်မိတယ်ထင်ရဲ့
အဖြေရှာမရတဲ့ လောကကြီးထဲ
ဖြေရှင်းချက်မရှိတော့ ဘဝကြီးက
ခါးသီးလွန်းပါတယ်…

သူ့အမှား ကိုယ့်အမှားဖြစ်
မရေရာ မသေချာတဲ့
ဘဝဆိုတဲ့ စကားလုံးနှစ်လုံးအောက်
မနာလိုမှုတွေရဲ့ ဖိနှိပ်ခြင်းကြောင့်
ဖြေရှင်းမရှိ အချစ်နဲ့လည်း ဝေးခဲ့ဖူးပြီ…

ကြမ်းတမ်းမှုရဲ့ စကားလုံးတွေ၊မျက်တွေအောက်မှာ
ငါ့တို့နှစ်ယောက်ရဲ့အချစ်ခြင်း
ခိုင်မြဲစွာချစ်ခဲ့ကြပေမဲ့
မလိုအပ်တဲ့ အကြောင်းအရာလေးတစ်ခုကြောင့်
နင်နဲ့ငါ နားလည်မှုလွဲခဲ့ဖူးတယ်…..

ဖြေရှင်းချက်ကိုတော့ ရချင်မိသေး
မင်းနားလည်နိုင်ဖို့
ငါတောင်းဆုတွေလည်း အထပ်ထပ်
ပြုခဲ့ပေမဲ့လည်း ပြန်မရတော့တဲ့
အတိတ်ကလည်း အစဖော်
နင့်မရှိတဲ့ ငါဘဝထဲ
ရေငတ်တဲ့ သစ်ပင်လို့ပဲ မလန်းဆန်းနိုင်ပါဘူးဆိုတာ
နင်သိလာတဲ့နေ့ကျရင်
နင်ပေးခဲ့တဲ့ အနမ်းတွေနဲ့အတူ
နင်ရှိအိပ်စက်ခဲ့တဲ့
ငါပခုံးကလေး နင်ကို
တွေ့နေကျ သစ်ပင်လေးအောက်မှာ
နင်မရှိဘဲ ငါတစ်ယောက်တည်း
ရှိနေတယ်ဆိုတာ နင်သိပါစေ……

ဖြေရှင်းချက်မရတော့တဲ့ ချစ်သူများအတွက် ကိုယ်စားကာ ကဗျာတစ်ပုဒ်ထုဆစ်လို့ရေးမိပြန်တယ်…..

                                                                                                                          စိုး………………………….

In: ကဗျာ Posted By: Date: May 8, 2012
Comment #1

i wonder why don’t they try?
if really fall in love,,impossible to release easily,

commentinfo By: ei lay at May 8, 2012
Comment #2

Nice………..

commentinfo By: May Kha at May 9, 2012
Comment #3

Thanks to ma ei and may kha

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment