Professional Authors

တိတ်တခိုး( ဒီတူးဆစ်တောင်ငူ)

တိတ်တခိုး

ဝေးရတော့မယ် ဆိုတာကို
ကြိုသိနေတော့
ငါအဖြစ်က
ကြိုးမိန့်ချခံရသူလို
ဘာတွေကို ယုံကြည်လို့
ဘာတွေကို တိုင်တည်ရမှာလဲ
ဘာတွေကို မျှော်လင့်လို့
ဘာတွေက်ုရိုက်ချိုးပစ်ရမလဲ
အတိတ်……..
အနာဂတ်………..
ပစ္စုပ်ပ္ပန်…..
ဘယ်နေရာမှာ ငါပျော်မွေ့ရမလဲ
အချစ်တွေရှိနေရက်နဲ့
စကားလုံးမရှိတဲ့ကောင်းကင်မှာ
ကြယ်ရောင်စုံထွန်းလင်း
မင်း အလင်းရောင်ပေးခဲ့တာ
အခုဆိုရင် လေ
သုံးဥတုတိုင်ခဲ့ပြီ

ဒီတူးဆစ် (တောင်ငူ)

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

တိတ်တခိုး ကဗျာနာမည်လေးလှတယ်ဗျ
ကဗျာလေးလည်းကောင်းပါတယ်
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Mar 4, 2012
Comment #2

ကျေးဇူးပါခင်ဗျာ

commentinfo By: D26 at Mar 4, 2012
Comment #3

nice poem

commentinfo By: ei lay at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment