Professional Authors

လမင်း အိပ်မက်….၊ ဖေဖေါ်ဝါရီ မှတ်တမ်း

ကျွန်တော်…………………………………….
ဒီည……………………………………………
တစ်ခြမ်းပဲ့ လမင်းလေးနဲ့ စကားပြောနေတယ်..၊
အရိပ်ကျတဲ့ အနာဂတ်ထဲကို အဝင်
လူကို ဟိုထင် ဒီထင်နဲ့…၊
ကျွန်တော် မျက်စိတစ်ဆုံးမြင်ရတဲ့
ဟိုးးးးးးးးးက ကောင်းကင်
သူမဆင်တဲ့ ဝင်္ကပါလောက်မကျယ်ဘူး..။။

ဒုက္ခဆိုတဲ့ သနပ်ခါးကို လိမ်းခြယ်
စင်္ကြာဝဠာ အလည်က ပိုးစုန်းကြူးရဲ့အလင်းနဲ့
စာတစ်စောင် ရေးခဲ့တယ်..၊
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်..
(အခု……………………….)
ဒီစာကို တစ်စုံတစ်ယောက်ဖတ်နေတယ်..။။

ပြောင်မြောက်လွန်းတဲ့ ပြကွက်တစ်ခု
အိပ်မက်ထဲမှာလည်း တစ်ဝက်တစ်ပျက်နဲ့
ဒီမိန်းကလေး ရက်ရက်စက်စက်လှတယ်…၊
မျက်လုံးဖွင့်ပြီး ဂစ်တာတီးပေမယ့်
ကျွန်တော်စိတ်ကူးမှာ မကြားရပါဘူး…၊
ဒီနှလုံးသားက ခါးသီးမှုတွေ…..
ဟိုစားပွဲပေါ်က သကြားဗူးထဲဝင်နေတယ်…။။

ဒဏ်ရာအစုပ်ကို အဟုတ်လုပ်ပြီး
ကျွန်တော်ထုပ်ကြွားမယ်…..
(လွန်းခဲ့သော…20.-.-)၊
ဖေဖေါ်ဝါရီ 14 အတွက် တစ်ရက်အလို
ကျွန်တော်နှလုံးသား ကမ်းပါးပြိုတယ်..၊
ကျွန်တော်မငိုပေမယ့် ကျွန်တော့်အစား
အမေ့မီးဖိုချောင်ထဲက ဆားတွေကငိုပေးတယ်…။။

အတိတ်၊အဟောင်း ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ…?
အသဲကွဲတဲ့ သရဲ တစ်ကောင်
တလောကလုံးကို လိုက်ခြောက်နေတယ်…၊
ဘယ်ရောက် ဘယ်ပေါက်လဲမသိဘူး…
လမင်းလေးတံခါးခေါက်မှ
ကျွန်တော် အိပ်ယာ နိုးမယ်……။။    ။။
                                        ဇော်သက်ဦး

In: ကဗျာ Posted By: Date: Feb 2, 2012
Comment #1

goodတယ်…..ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 2, 2012
Comment #2

အတိတ်၊အဟောင်း ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ…?
အသဲကွဲတဲ့ သရဲ တစ်ကောင်
တလောကလုံးကို လိုက်ခြောက်နေတယ်…၊
ဘယ်ရောက် ဘယ်ပေါက်လဲမသိဘူး…
လမင်းလေးတံခါးခေါက်မှ
ကျွန်တော် အိပ်ယာ နိုးမယ်…

commentinfo By: kantkawmg at Feb 2, 2012
Comment #3

wow,,,
so romantic

commentinfo By: ei lay at Feb 2, 2012
Comment #4

ွှအရမ်းကိုကောင်းပါတယ်……….

commentinfo By: May Kha at Feb 6, 2012
Comment #5

ကဗျာက စကားအထားအသို သပ်ရပ်တယ်
ကဗျာရေးတဲ့သူ စိတ်ကူးစိတ်သန်းကလည်းကောင်းပါပေ့ဗျာ
ကိုအရိပ်ကဗျာတွေ အားပေးနေတယ်ဗျ ကြိုးစားထား ။

commentinfo By: X - ray at Feb 9, 2012
Comment #6

ကောင်းမွန်သောအရေးအသား…
အမြဲအားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment