Professional Authors

သို့ …(၂)

မချစ်တော့ရင်လည်း

မုန်းတယ်လို့တော့ပြောခဲ့သင့်ပါတယ်

ခုတော့မကျက်တကျက်အနာကပဲ

အက်ကြောင်းတွေအထပ်ထပ်နဲ့ဆို့နင့်လို့

 

ပြန်မလာတော့ဘူးဆိုရင်လည်း

စောင့်နေပါလို့မပြောခဲ့သင့်ဘူး

ခုတော့နေညိုရင်

ရင်ဘတ်ထဲကငိုငိုနေတတ်ပြီ

 

ထားခဲ့ရမယ်ဆိုတာသိရက်နဲ့

မျှော်လင့်ချက်တွေမပေးခဲ့သင့်ဘူး

ခုတော့ရင်ခုန်သံတွေစားသုံးခဲ့တဲ့

အတိတ်နေ့ရက်တွေထဲကနေ

ရုန်းထွက်နိုင်ဖို့နှလုံးသားကမောပန်းနေတယ်

 

နောက်ဆုံးအနေနဲ့…………

တခုတော့ပြောလိုက်ချင်ပါတယ်

အချိန်ကတိုက်စားလိုက်တဲ့အရာတွေထဲမှာ

ငါ့အလွမ်းတွေမပါသ၍

ငါ……………………..

……….နင့်ကို…………….

………………………..ချစ်နေဦးမှာပါ……………

 

ဆည်းဆာ

 

In: ကဗျာ Posted By: Date: Nov 20, 2011
Comment #1

ပြန်မလာတော့ဘူးဆိုရင်လည်း

စောင့်နေပါလို့မပြောခဲ့သင့်ဘူး

ခုတော့နေညိုရင်

ရင်ဘတ်ထဲကငိုငိုနေတတ်ပြီ

commentinfo By: kaungkinsoe at Nov 20, 2011
Comment #2

so nice.
i like.

commentinfo By: ei lay at Nov 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment