Professional Authors

PoemsCorner Authors

အိမ်ပြန်ချိန် (သက်ထွေး)

လေချွန်သံတွေ
အဆိပ်သောက်တဲ့ အထိ
ဆိုညည်းပြီးမှ ..
ကျွန်တော် အိမ်ပြန်လေ့ရှိတယ် ။

တိတ်ဆိတ်ခြင်းတွေ အိပ်မောကျတော့
ကျွန်တော်လဲ အဖော်မဲ့ ..
ဖယောင်းလိုများ
လောင်ကျွမ်းခြင်းနဲ့
မွေ့ပျော်ရလေမလား ။

ရစ်လုံးတစ်လုံးနဲ့
ကိုယ့်ဘာသာ မျောလွင့်စေခဲ့ခြင်းတွေ
မျှားချိတ်တစ်ခုနဲ့
စင်တင် ကြော်ငြာခဲ့ခြင်းတွေက
မှုတ်သောက်လို့မရတဲ့
ယမကာ တစ်ခွက်လိုပဲ
ပူစပ်လွန်း နိုင်လှတယ် …။

ဘယ်လိုလဲ
ဒီည ..
ဒီအလှနဲ့ ..
မင်းက သိမ်းပိုက်ပြန်ပြီလား ..။

မခုန်တော့မဲ့ သွေးခုန်နှုန်းတွေ
တိုင်းတာပြီးမှ ..
ကျွန်တော် အိမ်ပြန်လေ့ရှိတယ်။

လက်လွတ်စပယ်
ဖိတ်စင်တတ်တဲ့ အိပ်မက်တွေကို
သီကုံးပြီး ..ကဗျာတစ်ပုဒ်ရေးတဲ့အပေါ်
အမြင်ကြည်လေ့မရှိတဲ့
သစ္စာ တရားတွေကို
ရေချိုးပေးပြီးမှ
ကျွန်တော် အိမ်ပြန်လေ့ရှိတယ်။

မြေမှာပွင့်တဲ့ ပန်းတွေ
လေမှာ လွင့်ကြ …
အစိမ်းရောင်ခပ်ရင့်ရင့်
ညတစ်ညဟာ ..
သက်ပြင်းတွေ မှုတ်ထုတ်လိုက်သလို
စိတ်အချဉ်ပေါက်မှုတွေနဲ့အတူ
တဝေါဝေါစီးဆင်းလာခဲ့ ..

ဒီလိုဆောင်းအတွက်
မလှုံပဲနွေးတဲ့ ..
သားချော့တေး တစ်ပုဒ်ကြားမှသာ
ကျွန်တော်ဟာ အိမ်ပြန်လေ့ရှိပါတယ်။

သက်ထွေး
ညနေ ၄း၅၉ ဇန်နဝါရီလ ၁၁ရက် ၂ဝဝ၈

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

မလှုံဘဲနွေးတဲ့သားချော့တေးတဲ့လားဗျာ ကိုသက်
အရမ်းမိုက်တဲ့စာသား

commentinfo By: ခင်းခင်း at Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment