Professional Authors

အလွမ်းနာ

Huskies  Night Dog Fierce

ညတစ်ညမှာ

အလွမ်းများနဲ့ ချုပ်ရိုးတွေထားသီတဲ့

အင်္ကျီတစ်ထည်မှာ

ဘ၀တူခရီးသွားဖော်အတွက်

မဝေးလည်းမဝေး

မနီးလည်းမနီး

အဝေးပြေးမြို့ လေးမှာ

တစ်ချို့ တွေကမ်းကပ်လဲမနီး

လွမ်းတတ်လို့ မပြီးတဲ့

ရင်ထဲရေးထားတဲ့

ဆီဆေးပန်းချီကားတွေလို

သပ်သပ်ရပ်ရပ်လေးခေါက်သိမ်းထားတာပေါ့

အခု ဒီညအဝေးပြေးလမ်းမကြီးကိုကြည့်ပြီး

ခွေးတစ်ကောင်လို

ဖြတ်သွားတဲ့ကားတွေကိုကြည့်ပြီး

ခဏခဏထိုးထိုးဟောင်နေမိတော့တယ်…

ထစ်ချုန်းမိုး

In: ကဗျာ Posted By: Date: Oct 24, 2011
Comment #1

ကဗျာလေး ကို အရမ်း သဘောကျ ပါတယ်
ကောင်းတယ်ဗျာ
လုလင် အားပေးနေပါတယ်

Comment #2

hote de,
sate to lar yin e lo myo aww ya de,
he,,he,,

commentinfo By: ei lay at Oct 25, 2011
Comment #3

ကဗျာကကောင်းပါတယ် ဆက်ရေးပါဦးနော်… ခေးဆက် လည်းအားပေးနေပါတယ်…

commentinfo By: khayset at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment