Professional Authors

ကဗျာ နှင့် ပက်သက်၍ ကျွန်တော့်အမြင်

လူသားတွေပဲဗျာ
တစ်ယောက်နဲ့
တစ်ယောက်မှာတော့
မတူညီတဲ့ အရည်အချင်းတွေရှိတာပေါ့…။
ဒါကိုလူတိုင်းသိပါတယ်….။။

ကဗျာတဲ့…
ဆိုလိုတာကဘာလဲ..?
မသိရင်မှတ်ထားဗျ..
မှတ်သားဖွယ်ရာ စာစဉ်တွေကို
နားဝင်ချိုအောင်တင်ပြခြင်းကိုခေါ်တယ်…။
(ကျွန်တော့်ဆရာပြောလို့သိတာပါ…)
ကဲ ခင်ဗျားရော ဘယ်လိုသဘောနဲ့
ဘာတွေများ စောတက တက်ချင်သေးလဲ..?။

မပြောနဲ့ ကျုပ်ပဲဆက်ပြောမယ်..
ဒီကဗျာထဲမှာတော့
ခင်ဗျားကို အပီဖြဲနေတာမဟုတ်ဘူးနော်..၊
(သိအောင်ပြောတာ)
၂၁ ရာစုမှာတော့…
ကဗျာတွေ မှိုလိုပေါတယ်..။
တွေးရသမျှ ပေါက်ကရတွေရေးတော့
ကဗျာဈေးကွက်ပျက်တာပေါ့…။
(ထောက်ခံလိုက်တာပါ)
ကဗျာမှာ ပျော်စရာပါမယ်..
သာယာနာပျော်ဖွယ်ရှိရမယ်..၊
တကယ်လို့များမပြည့်စုံခဲရင်
ကဗျာလို့ထင်ရခက်ပေသည်..။

နောက်တစ်ခုကျန်သေးတယ်..
ကဗျာသာရေးနေတာ
ကဗျာဘယ်နှစ်မျိုးရှိသလဲ
သိရောသိရဲ့လား..?။
(မေးကြည့်တာပါ)

တစ်ချိုးက ပြန်ပြောကြတယ်
ဒါက ပိုစ်မော်ဒန် တဲ့
ကြံဖန်ပြီးပေးတဲ့ ဆင်ခြင်
ထင်ရာမြင်ရာကဗျာတွေပဲလေ…။
(ဝေဖန်လိုက်တာပါ)

ဆိုပါတော့ဗျာ
အင်းဝခေတ်က
ပျို့ကဗျာကို
ဘယ်သူစထွင်ခဲ့တာလဲ..?။
ကျွန်တော်ကိုယ်တိုင်တောင်
သေချာအောင်မဆိုနိုင်ပေါင်…။

နောက်ဆုံးတစ်ခွန်းပြောမယ်..၊
ကဗျာဆိုတာ
ပညာပေးဖို့ မဟုတ်ခဲ့ရင်တောင်
သဘာဝကျကျတော့ စီပြနိုင်ရမယ်လေ..၊
ဆိုလိုရင်းကတော့
ကိုယ် ကိုယ်တိုင်တောင်
ဘာမှမဟုတ်ခဲ့ရင်
သူတစ်ပါး ကဗျာကို
ဘယ်လိုပင်ရေးပါစေ..
သူရဲ့အတွေးကို
အားပေးဝေဖန်ပေးသင့်သည်..။
(အကြံပြုလိုက်ခြင်းသာဖြစ်ပါသည်)

မှတ်ချက်။   ။ ယခုရေးသားသော ကဗျာနှင့်ပက်သက်ပြီး တစ်စုံတစ်ရာထိခိုက်သလိုဖြစ်ပါက တောင်းပန်လိုက်ပါသည်။ ဒီကိစ္စနှင့် ပက်သက်ပြီး လက်လှမ်းမှီသမျှ ကဗျာ ၏ အဓိပါယ် ဖွင့်ဆိုချက်များကို တခြားသာစာရေးဆရာကြီးများထံမှ တင်ပြသွားမည်ဖြစ်သည်။

                        ကျေနပ်နိုင်ကြပါစေ…….။

In: ကဗျာ Posted By: Date: Jul 13, 2011
Comment #1

ကျေနပ်ပါတယ်ဗျာ

commentinfo By: virus at Jul 13, 2011
Comment #2

ကျေးဇူးတင်ပါတယ် ညီ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #3

ဟုတ်တယ်လို့တော့ ထင်သား….။
ကဗျာတဲ့…
ဆိုလိုတာကဘာလဲ..?
မသိရင်မှတ်ထားဗျ..
မှတ်သားဖွယ်ရာ စာစဉ်တွေကို
နားဝင်ချိုအောင်တင်ပြခြင်းကိုခေါ်တယ်…။
ကြားဘူးတယ်နော် ဒီစာသားကို….။

Comment #4

ဆရာ့ စကားနားဝယ်ထေားတော့ အျမှားကင်းမယ်ထင်လို့ပါ သယ်ရင်း…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #5

သူတစ်ပါး ကဗျာကို
ဘယ်လိုပင်ရေးပါစေ..
သူရဲ့အတွေးကို
အားပေးဝေဖန်ပေးသင့်သည်..။
(အကြံပြုလိုက်ခြင်းသာဖြစ်ပါသည်

commentinfo By: May Kha at Jul 13, 2011
Comment #6

မှတ်သားဖွယ်ရာ စာစဉ်တွေကို
နားဝင်ချိုအောင်တင်ပြခြင်းကိုခေါ်တယ်…။
အဲဒီလိုရေးမှကဗျာဆိုရင်တော့ ငါ့ရေးတာကဗျာမဟုတ်တော့ဘူးပေါ့..။

commentinfo By: မြေနံ့ at Jul 14, 2011
Comment #7

ကဗျာဆိုတာခံစားချက်ပါရုံ တင်မဟုတ်ရင်တော့ ပိုကောင်းတာပေါ့ …။ အခုလိုရေးတာကလဲ ကဗှာကို အထက်တန်းရယ် အောက်တန်းရယ် ခွျဲေနကြလို့ ကဗှာဆိုတာ အဲဒီလိုခွဲရင် အများကြီးခွဲလို့ရတယ်ဆိုတာကိုတင်ပြရုံ သက်သက်ပါပဲ….။ ဘယ်လိုးတွေးပြီး ဘယါလိုရေးရေး..၊ ကဗှာလို့ခေါင်ဒစဉ်တက်ရင် ကဗှာပါပဲ….။
ကျေးဇူးတင်ပါတယ်…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 17, 2011
Comment #8

အဘက်ဘက်က မြင်တတ်တော့ ကောင်းတာပေါ့ဗျာ။

commentinfo By: စောရယ် at Jul 17, 2011
Comment #9

ကဗျာကိုခွဲတယ်ဆိုတာ ဟာသပဲ…။

commentinfo By: မြေနံ့ at Jul 17, 2011
Comment #10

ဆောရီးပါနော် ကျွန်တော်ဆရာလုပ်တာ မဟုတ်ဘူး ဒါပေမယ့် `အနုပညာကိုဖော်ဆောင်ရင် ဒေါသသင့်သောအရေးအသားပင် ဖြစ်ကလင့်စား ကဗျာလို့ဆိုနိုင်တယ်လေ´ လူတိုင်းနီးပါးပြောကြပါတယ် ကဗျာကိုစီရရီတင်ပြနိုင်မှ နူးညံ့တဲ့အရေးအသားဖြစ်မှ စသည်ဖြင့်ကျွန်တော်တို့ သတ်မှတ်လိုက်ကြတယ်…ပို့စ်မော်ဒန်ဆိုတဲ့ ကဗျာအရေးအသားမှာတော့ သရုပ်မှန်အရေးအသားအပြင် ကဗျာဆရာရဲ့  expressionတွေပါ ပါလာတတ်တယ် အဲသည့်တော့ ကျွန်တော်တို့ခင်ဗျားတို့အတွက် အမြင်မကြည်စရာတွေဖြစ်ကုန်တာပေါ့ဗျာ အနုပညာဆိုတာဘာလဲ ကျွန်တော်တို့အပြည့်အစုံမသတ်မှတ်နိုင်ပါဘူး အဲသည့်တော့ သူတို့ဖန်တီးခွင့်နဲ့သူတို့ ရှိပါစေ ကျွန်တော်တို့ဘာမှ ၀င်ရောက်မစွက်ဖက်တာအကောင်းဆုံးပဲး) (ပြောသည့်စကားများကို တာရာမင်းဝေ၏ ပြိုင်မြင်းတို့၏ခွာသံမှ ကိုးကား၍ ပြောကြားသွားပါသည်) ကျွန်တော်သိထားသလောက် ပြောပြတာပါ အပြစ်မမြင်စေလိုပါဘူးဗျား)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #11

လက်ခံပါတယ်လေ…။ကဗျာကိုတိုင်းတာလို့ မရနိုင်ဘူး..။ဘယ်ပေတံ ဘယ်စံညွှန်းနဲ့ပဲဖြစ်ဖြစ်ပေါ့…။
ကဗျာလောကမှာ ဒီမိုကရေစီရှိတယ်လေ…။ကဗျာဆိုတာ စကားလုံးမဲ့နေခြင်းကပဲ ကဗျာပေါ့..။

commentinfo By: မြေနံ့ at Jul 17, 2011
Comment #12

ကဗျာဒီမိုကရေစီတဲ့ သုံးသွားတာကိုကလှလိုက်တား)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #13

သြော် သနားစရာလည်းကောင်း..။ ဝမ်းနည်းစရာလည်း ကောင်းနေပါလားကွာ…။
သနားတာကတော့ ဒီဆိုက်ထဲမှာ ကဗျာဆိုတာကို တိတိကျကျ နားမလည်သေးတဲ့ စာရေးသူတွေရှိနေတာကိုပါပဲ….။ ဝည်းနည်းမိခြင်းကတော့… မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာကဗျာကို ကျွမ်းကင်အောင်မရေးတတ် မြန်မာကဗျာအကြောင်း ဘာမှနားမလည်… မြန်မာမူမဟုတ်တဲ့ ကဗျာတွေရေး မြန်မာ အမွေအနှစ်တွေကို ဖျက်ဆီးပစ်တဲ့ သူတွေအများကြီးပါလားလို့တွေးမိလို့ပါ…။
ဘယ်လိုရေးရေး ကဗျာဖြစ်နိုင်ပေမယ့် မြန်မာ့ ကဗျာ စည်းကမ်းတွေ ကဗျာ ကျမ်းတွေအရတော့ မင်းတို့လေးတွေရေးတာက ကဗျာနဲ့ မတူပြန်ပေဘူးကွ…။ စိတ်ထဲရှိရာပေါက်ကရတွေကို လျှောက်ရေးနေတာနဲ့တူနေတယ်…။ မြန်မာတို့ရဲ့ ခေတ်သစ်ကဗျာ (Modern Poetry) ကိုဦးဝန် နဲ့ ဦးဟန်တို့က မြန်မာစာ ပါမောက္ခ ဦးမောင်မောင်ကြီးအပါအဝင် ကထိက ဦးကျော်ရင် ၊ လက်ထောက်ကထိက ဦးအောင်မိုး ၊ လက်ထောက် စာတည်း ဦးထွန်းမြင့် တို့ က ပူပေါင်းပြီး ခေတ်သစ်ကဗျာ များ ဆိုတဲ့စာအုပ်ကလေးမှာ ရေးသားဖော်ပြထားပါတယ်..။ ဆရာကြီးတွေရဲ့ ကဗျာ ဖွင်ဆိုချက်ကတော့ “ကဗျာအပါအဝင်ဖြစ်သော ရသစာပေကောင်းတု့၏ အဓိကတာဝန်သည် လောကဝန်းကျင် အမြင်အသိ သတိတရားတို့ စိမ့်ဝင်လိုက်ပါလာသော နှစိသက်ခြင်မျိုးကိုပေးရန်ဖြစ်သည်” ဆိုပြီးရေးထားခဲ့တယ်…။ မင်းဆို့ပြောသလိုသာဆို မြန်မာစာ ပါမောက္ခတစ်ယောက်လုံးပြောတဲ့ စကားက ဘယ်ရောက်သွားတာလဲ…။ မြန်မာ စာပေကို မထီလေးစာဲးပုလိုက်တာပဲလို့ ထင်မြင်ယူဆမိပါတယ်….။
သိသင့်သည်များကို ဆက်လက်ဖော်ပြပါမည်….။
ကျေးဇူးတင်ပါသည်…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 18, 2011
Comment #14

မော်ဒန်ဝါဒီတွေလည်း အနည်းဆုံးလေးလုံးစပ်လောက်တော့ရကြပါတယ်း) ဘယ်သူတွေဘာတွေဖန်တီးတီး ကျွန်တော်တို့ခံစားပေးတတ်ဖို့ အဓိကပဲး)

commentinfo By: မိုးသစ်လေပြေ at Jul 18, 2011
Comment #15

သတိတရား အသိတရားနဲ့ ရသဆိုတာကိုပေးစွမ်းနိုင်တဲ့ကဗျာတွေကို ကျွန်တော်တို့ရေးသားကြပါတယ် စိတ်ထဲရှိရာပေါက်ကရလျှောက်ရေးနေရင် ဘယ်ရသကို ဘယ်လို ခံစားနိုင်မလဲ? သစ္စာနီပြောခဲ့ဖူးတဲ့ ခေတ်သစ်ကဗျာ သတ်မှတ်ချက် ၁၀ခုကိုဖတ်ကြည့်ရင် နားလည်သွားလိမ့်မယ်ထင်ပါတယ် ဒါပေမယ့်မော်ဒန်ဆိုတာေ၀၀ါးဖြန့်ကျက်တဲ့သဘောဆောင်နေတဲ့ဆိုတာကိုတော့မမေ့ပါနဲ့း)

commentinfo By: မိုးသစ်လေပြေ at Jul 18, 2011
Comment #16

မင်းပြောသလိုပါပဲ.. ငါလဲ ခံစားပေးနေတာပဲလေ..။အခုလိုရေးနေရတာတွေက မြန်မာလူမျိုးဖြစ်ပြီး မြန်မာကဗျာကို အောက်တန်းကဗျာ အဆင့်မှာသာ ထားပြီး မော်ဒန်ကဗျာမှ အထက်တန်းလို့ သတ်မှတ်နေတဲ့ သူတွေရှိနေလို့ပဲ..။
လေးလုံးစပ်ကဗျာဆိုတာကတော့ မြန်မာတို့ရဲ့ ကဗျာအစပဲပေါ့…။ ဒါပေမယ့် ကဗျာအမျိုးပေါင်း ၄၀ ကျော်လောက်ရှိတဲ့အထဲမှာမှ လေးလုံးစပ်တစ်မျိုးပဲ စပ်တတ်နေရင် ကဗျာ ဆရာ (သို) ကဗျာရေးသူ တစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ပေဘူး…။ မြန်မာမူမပျောက်အောင်တော့ ငါဘက်ကတော့ ပြောစရာရှိတာတွေကို ပြောရမှာပဲ..။
သစ္စာနီဆိုတာ မော်ဒန်ကိုဖော်ကျူးသူပီပီ သူစိတ်ခံစားချက်အတိုင်းရေးသားပြောဆိုခဲ့ပေမယ့် မြန်မာစာပါမောက္ခ ဦးမောင်မောင်ကြီး ၊ ဆရာ ဦးသိန်းဟန် (ဇော်ဂျီ) စတဲ့ စာရေးဆရာကြီးတွေပြောဆိုတာနဲ့ ဘယ်သူက ပိုပြီး သမာသမတ်ကျမလဲ မင်းသေချာတွေးပေါ့…။
ဘယ်လိုရေးရေး အားပေးနေပါတယ်…။ တစ်ခုပါပဲ မြန်မာကဗျာတွေကိုတော့ အထက်တန်းအဆင့်မှာ တင်ထားစေချင်မိတယ်…။
ကျေးဇူးတင်ပါသည်..။
ကဗျာ အမျိုးအစားများအား ဆက်လက် တင်ပြပါမည်…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #17

သစ္စာနီဆိုတာမော်ဒန် ကဗျာဆရာတစ်ယောက်ပါ..။ စော်ကားမိသော စကားပါသွားလျှင် ခွင် လွှတ်ပေးစေချင်ပါသည်…။ တစ်ခုတော့ရှိတယ်…။ သစ္စာနီကိုတော့ မမေးပါဘူး…မိုးသစ်လေပြေ..။ ညီကိုပဲ အစ်မကိုမေးမယ်…. ကဗျာဆိုတာက ဘာလဲ …၊ ကဗျာဘယ်က အစ ပြုခဲ့သလဲ..၊ သီချင်းဆိုတာဘယ်ကလာသလဲ…၊ မြန်မာကဗှာ စပ်နည်း ဘယ်နှမျိုးလောက်များသိထားသလဲ…။
ဖြေပေးဖို့တော့ မျှော်လင့်မိတယ် ညီရေ….။ အစ်ကို ဆရာလုပ်တာမဟုတ်ဘူးနော်..၊ မြန်မာကဗှာကို တန်ဖိုးထားတတ်အောင် လေ့လာတင်ပြစေချင်တာပါ….။
ကျေးဇူးတင်ပါတယ် ညီ…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #18

လက်ခံပါတယ်လေ…။ကဗျာကိုတိုင်းတာလို့ မရနိုင်ဘူး..။ဘယ်ပေတံ ဘယ်စံညွှန်းနဲ့ပဲဖြစ်ဖြစ်ပေါ့…။
ကဗျာလောကမှာ ဒီမိုကရေစီရှိတယ်လေ…။ကဗျာဆိုတာ စကားလုံးမဲ့နေခြင်းကပဲ ကဗျာပေါ့..။
ဒီစကားအတွက်တော့ တော်တော်လေးဝမ်းနည်းမိတယ်…။မော်ဒန်အချင်းချင်း တိုင်းတာလို့မရပေမယ့်၊
မြန်မာကဗျာ နှင့်မော်ဒန်ဆိုရင် မြန်မာကဗျာတွေသာ အနှစ်သာရပြည့်ဝသည်ဟု ထင်မြင်ယူဆ တိုင်းတာမိပါသည်….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #19

လေးစားပါတယ် အစ်ကိုရဲသူ ဟုတ်ပါတယ် ကျွန်တော်တို့လည်းကဗျာရဲ့ သဘောသဘာဝကိုလေ့လာပြီးမှ ရေးသားကြတာပါ ကျွန်တော်ငယ်ငယ်လေးကတည်းက ရှေးရိုးမပျက် ကဗျာတွေကို ကာရန်နဲ့ရေးတတ်နေပါပြီ ဒါပေမယ့် ဘယ်လိုဖြစ်တယ်မသိ ကျွန်တော်မော်ဒန်ကဗျာတွေထဲမှာ ပျော်ဝင်မိသွားတယ် နှစ်နှစ်ခြိုက်ခြိုက်ကိုပျော်ဝင်မိတာပါ မော်ဒန်ကဗျာတွေနဲ့ မြန်မာကဗျာတွေမှာ အနှစ်သာရက စာရေးသူအပေါ်မှာမူတည်မယ်ထင်တယ်အစ်ကို တစ်ထစ်ချ စွဲမှတ်ထားလို့မရပါဘူး သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ သက်ဆိုင်ပါလိမ့်မယ် (ကျွန်တော်ကဗျာရဲ့ သမိုင်းကို မသိပါဘူး သိအောင်လည်းမကြိုးစားပါဘူး ဒါပေမယ့် ကဗျာနဲ့ပတ်သက်ပြီး အမျိုးအစား တော်တော်များများကိုတော့သိပါတယ်) အစ်ကိုတို့လေသံအရပြောမယ်ဆိုရင် ကဗျာဆိုတာ လှပသော အလင်္ကာများကိုစနစ်တကျ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ စီရီထားတာတွေပေါ့…ကျွန်တော်တို့ မော်ဒန်မှာက အားနည်းချက်က ခံစားချက်ကိုအရမ်းဦးစားပေးလွန်းတာပါပဲ ဒါပေမယ့် အဲသည့်ကဗျာအပေါ်မှာ ရသရရှိမှုကိုပဲ ကျွန်တော်မြတ်နိုးမိတယ် ကျွန်တော်ဘယ်ကဗျာကိုပဲဖြစ်ဖြစ်တန်ဖိုးထားပါတယ် အခုလိုဆုံးမပေးတဲ့ အစ်ကို့ရဲ့ စေတနာကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်(စိတ်ရင်းနဲ့ပါ )

commentinfo By: မိုးသစ်လေပြေ at Jul 19, 2011
Comment #20

ဘာပဲပြောပြောပေါ့ဗျာ…….
လေးသည်တော်မှန်ရင် ဘယ်လိုလေးအမျိုးအစား ဘယ်လိုမြှားအမျိုးအစားပဲဖြစ်ပါစေ
ပစ်မှတ်ကိုတည့်တည့်မှန်အောင်ပစ်နိုင်ဖို့ အရေးကြီးပါတယ်.။တစ်တောင်နဲ့ တစ်တောင် အနိမ့်အမြင့်တူမှမတူတာပဲဗျာ…..။

commentinfo By: moehtetaung18 at Jul 19, 2011
Comment #21

လူသားတွေပဲဗျာ
တစ်ယောက်နဲ့
တစ်ယောက်မှာတော့
မတူညီတဲ့ အရည်အချင်းတွေရှိတာပေါ့…။
ဒါကိုလူတိုင်းသိပါတယ်….။။

သိလျက်နဲ့ မတူညီတဲ့ အရည်အချင်းတွေကိုတိုင်းဦးမယ်ပေါ့…။
တစ်မျိုးတော့တစ်မျိုးပဲ မော်ဒန်ကဗျာနဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်ဖူးပုံပဲ…။ထားပါလေ..။

မိုးသစ်လေပြေ ကဗျာဒီမိုကရေစီဆိုတာတော့ဝေမျှပြီးပြန်သုံးလိုက်တာတစ်ခုပါ…။(ဦး)သစ္စာနီပြောတာကတစ်ဆင့်ပါ….။

commentinfo By: မြေနံ့ at Jul 19, 2011
Comment #22

ဒီကဗျာမှာရေးနေတဲ့ Comment တွေနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တစ်ခုလောက်တော့ပြောပါရစေ…။
သူငယ်ချင်း ရဲသူ.. မင်းပြောတာကမှန်ပါတယ်..။ ဒါပေမယ့်သူတို့ပြောတာလဲမမှားပါဘူး..။ လက်ရှိအခြေမှာ မော်ဒန်ကဗျာတွေက ဈေးကောင်းနေတာပဲလေ..။ သူတို့မရေးတတ်ဘူဆိုခဲ့ရင်တောင်မှ ရေးတတ်တဲ့ ကဗျာရေးသူတွေဒီဆိုက်ထဲမှာ မြန်မာကဗျာ တော်တော်များများကို ရေးနိုင်တဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်…။
ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ….။ မြန်မာတွေဆိုတာ မြန်မာကဗျာကို တန်ဖိုးထားတတ်ကြပါတယ်….။
ဒီလောက်ပါပဲ….။
မင်းလည်း မော်ဒန်တွေရေးနေတာပဲ…၊ ငါလဲမော်ဒန်တွေရေးနေတာပဲ…။ သူတို့လည်း ရေးချင်သလိုရေးပါစေ သူငယ်ချင်း…..။

Comment #23

မတူညီတဲ့ အရည်အချင်းတွေကိုတိုင်းတယ်ဆိုတာကတော့ ရှင်းပါတယ်…။
ကဲ.. ငါတစ်ခုလောက်မေးစမ်းပါ့မယ်..။ မင်းတို့ကမော်ဒန်တွေရေးတဲ့ စာရေးဆရာလေးတွေဆိုတော့ မင်းတို့ရေးတဲ့ ကဗျာတွေအထဲမှာ ဘာ ရသ ပါသလဲ၊ ဘာ ဂုဏ်မြောက်သလဲ၊ ဘာတွေများ မှတ်သားလောက်သလဲ…။
ငါလဲဒီလိုပါပဲ တွေးမိတွေးရာရေးရတဲ့သူပါ…။ သစ္စာနီ ဆိုတဲ့ မော်ဒန်ကဗျာဆရာ တွေကတော့ ကဗျာ တစ်ပုဒ်ဖတ်ပြီးရင် ရသ တစ်ခုကန်အောင်ရေးနိုင်တဲ့ သူတွေပဲလေ…။ သူတို့ကြွေးကြော်မှုတွေက သဘာဝကျလွန်းပါတယ်…။ မင်းတိုတွေကြွေးကြော်မှုတွေကတော့ အတ္တ ဆန်ဆန် ပုတ်ခတ် မှုတွေရောနေတာပေါ့ကွာ…။ ဒီဆိုက်က ရန်ဖြစ်စရာနေရာမဟုတ်ပါဘူး..။
ဒီမှာရန်ဖြစ်ဖို့ ဒီလောက် ဆန္ဒ ပြင်းပြနေရင်တော့ မင်းအကောင့် အတွက် ငါဆုတောင်းပေးပါ့မယ့် မြေနံ့…။
ကျေးဇူးတင်ပါသည်…။
မြန်မာပြည်သား တစ်ယောက် အနေနဲ့ မြန်မာ့ အမွေတွေကိုတော့ တန်ဖိုးထားစေချင်ပါတယ်……။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 25, 2011
Comment #24

ကိုရဲသူရေ ဒေါသသံလျှော့ပါဗျ အေးအေးဆေးဆေးပြောလည်းရပါတယ်ဗျာ ဒီမှာရေးတဲ့သူတွေအားလုံးနီးပါးက မပြည့်ဝသေးတဲ့သူတွေပါ။ ကျွန်တော်တို့ရေးတာတွေမှာလည်း သူ့ရသနဲ့သူတော့ရှိမှာပါပဲ အပုဒ်တိုင်းမှာရသများများမြောက်တာနဲ့ ရသနည်းနည်းမြောက်တာ ဒါပဲကွာမယ်။ မော်ဒန်ရဲ့ မှတ်သားစရာတွေကို ယူချင်ရင် အစ်ကိုခံစားနားလည်နိုင်အောင်ဖတ်ပေါ့ ရှင်းရှင်းလေးပါ။ ဘာရသမှမပါတဲ့ ကဗျာတော့ရှိမယ်မထင်ဘူး။နောက်ပြီး အစ်ကိုသိထားဖို့က မော်ဒန်ကဗျာဆရာတွေက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးနေတာမဟုတ်ဘူးဆိုတာပါပဲး) (အစ်ကို မော်ဒန်ရဲ့  သဘောသဘာဝကိုနောကျေအောင်လေ့လာလိုက်ပါဦးလို့ တိုက်တွန်းပါရစေ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ဗဟိုချက်မဲ့တဲ့ အရေးအသားတွေ ကဗျာတွေပေါများလာနေတယ်လေ..အစ်ကို့ကိုကြည့်ရတာ ပုံသေဒဿနတစ်ခုကို စွဲကိုင်ထားတဲ့ပုံပဲ မော်ဒန်ရဲ့ လှုပ်ရှားနေတဲ့သဘောကို အစ်ကိုသေသေချာချာ သဘောမပေါက်သေးဘူးလို့ ကျွန်တော်ထင်တယ်) အကြံပေးချက်က အစ်ကို့ကို ဒေါသသင့်သွားစေရင်တော့ ဆောရီးပါဗျာ စေတနာနဲ့တိုက်တွန်းတာပါး)

commentinfo By: မိုးသစ်လေပြေ at Jul 25, 2011
Comment #25

ဒေါသသင့်တယ်ဆိုတာထက် မခံချင်တာပိုများတယ်…၊ မော်ဒန်ဆိုတာတွေဟာ..ဘယ်သူကမှ စည်းမျဉ်းစည်းကမ်းမထုတ်ထားတဲ့ကဗျာပဲ…။ ဒါကြောင့်စည်းကမ်းမရှိတဲ့ကဗျာလို့ သတ်မှတ်နိုင်တာပဲ…။
မင်းကိုလဲ အစ်ကိုမေးပါရစေ မိုးသစ်ရေ….။၊
မင်းရေးတဲ့ ကဗျာတွေ၂၀ကျော် လောက်မှာ ဘယ်နှပုဒ်လောက်များရသမြောက်တာတွေပ်လို့လဲ..၊
ဘယ်ကဗျာတွေက ဘာရသတွေမြောက်ပါသလဲ…။
တစ်ခုမှ ဆင်ဆင်ခြင်ခြင်ရေးတာမပါဘူး…။ ငါဆိုလိုတာက အခုလို တစ်ယောက်နဲ့တစ်ယောက် စကားများကြတယ်ဆိုရင်ပဲ မော်ဒန်ကဗျာနဲ့ ပြောရတာ အလွယ်ကူဆုံးပဲ..၊ဘာဖြစ်လိုလဲ..၊ မော်ဒန်က ပညာသားပါစရာမလို လို့ပဲ…။ ယခင်က ခေတ်ပြိုင်စာဆိုတွေဆိုရင် ကဗျာနည်းစနစ်အရပဲ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်ဖွဲဆိုကြတာမဟုတ်လား…။
ကဲ မင်းကဗျာတွေက ရသတွေကို ပြန်ရှာပြီး တင်ဆက်ပါဦး..။
ဆည်းဆာ။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #26

ကောင်းပါပြီတဲ့ဗျာ ကဗျာရေးသက် နှစ်နှစ်မပြည့်တတ်သေးတဲ့ကောင်ရဲ့ ကဗျာတွေမှာ အချစ်ကဗျာတွေများပါတယ်ဗျာ အစ်ကိုက ရသဆိုတာကို ဘာလို့မြင်လဲ? မော်ဒန်ကို ပညာသားမပါဘူးလို့ ပြောတယ်နော် အဲကတည်းက အစ်ကို့ရဲ့  မော်ဒန်ကဗျာအပေါ်အတွေးအခေါ်ကို ကျွန်တော်နားလည်လိုက်ပါပြီ သနားလိုက်တာဗျာ မော်ဒန်ကဗျာရေးပြီး မော်ဒန်အကြောင်းနားမလည်သေးတဲ့ သူတစ်ယောက်လို့ပဲ ကျွန်တော်မှတ်ယူလိုက်ပါ့မယ်။ ကြည့်တတ်ရင် ကဗျာတိုင်းကရသမြောက်တယ်တဲ့ အဲ့စကားလေးကိုမှတ်ထားလိုက်ပါဦးဗျာ
ကျွန်တော်လည်းမှားသွားတယ် မော်ဒန်ကဗျာအကြောင်း နားမလည်သူတစ်ယောက်နဲ့ ဖက်ပြိုင်ပြောမိခဲ့တဲ့ အတွက် ကျွန်တော်ညံ့သွားတယ် ဆောရီးပဲဗျာ

commentinfo By: မိုးသစ်လေပြေ at Sep 1, 2011
Comment #27

အော် …. မော်ဒန်ကဗျာဆိုတာ ရသမဲ့ ကဗျာအမျိုးအစား ပို့စ်မော်ဒန်ဆိုတာ ထင်ရာမြင်ရေးသားပြီး ဆင်ခြေပေးကဗျာအမျိုးအစား တဲ့ သမိုင်းထဲက ကဗျာအကြောင်း အလွတ်မရသူမို့ လက်ခံပေးလိုက်ပါရဲ့(စိတ်ပျက်ပျက်ဖြင့်)

Comment #28

ကျွန်တော်က၀ါသနာရှင်ပါ ဒါပေမယ့်ကဗျာအကြောင်းနည်းနည်းပါးပါးသိတယ်မရေးတတ်ဘူး ဒါပေမယ့်ဖတ်တတ်တယ် ဝေဖန်တတ်တယ် မြန်မာကဗျာဆိုတာ ကာရန်တွေ နဘေတွေကို အဓိကထားပြီး ကိုယ်တင်ပြချင်တာကို စည်းကမ်းတကျတင်ပြတာလို့ထင်တယ် ကိုယ်ရေးလိုက်တဲ့ကဗျာဟာ ဘယ်အမျိုးအစားပါ
ဘယ်လိုကာရန်ယူထားတာ ဘယ်လိုနဘေတွေတွဲစပ်ထားတာဆိုပြီးရဲဝံ့စွာတင်ပြနိုင်တာ၊ အဓိပ္မါယ်ကိုကာရန်တွေ နဘေတွေနဲ့ လှပစွာ ဖော်ဆောင်နိုင်တာ ဒါမြန်မာကဗျာပါ။ဒါဖြင့် မော်ဒန်ကဗျာကကော ရင်ထဲကခံစားချက်တွေကို
သွယ်ဝိုက်တဲ့နည်းလမ်း လှပသောစကားလုံးတွေနဲ့ တင်ပြထားတာနောက်ပြီးကဗျာဖတ်သူအနေနဲ့ ကဗျာတင်ဆက်သူက ဘာကိုဆိုလိုချင်တာ ဘာကိုရည်ညွှန်းတာဆိုတာကို တွေးပြီး စဉ်းစားပြီးနားလည်အောင်လုပ်ရတာ ဒါကိုကအရသာဖြစ်စေတာလို့ထင်ပါတယ် သို့ပေမယ့် လူတွေရဲ့သဘောကိုကခက်ခဲတာကို ရှားပါးတာကို ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။ဒီတော့ ဘောင်ထဲမှာကတင်ပြသူနဲ့ လွတ်လပ်စွာတင်ပြသူ ဘယ်သူကပိုခက်ခဲမယ်လို့ထင်ပါသလဲ ဘယ်ဟာကပိုတန်ဖိုးရှိမယ်ထင်ပါသလဲ။

commentinfo By: မင်းသူအောင် at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment