Professional Authors

အများအားဖြင့်..ကျုပ်နှင့်မဆိုင်။

လူရိုသေ ရှင်ရိုသေဖြစ်စေရန်အလို့ငှာ
သူတော်ကောင်းယောင် မဆောင်ခဲ့ပါ

အချစ်နဲ့တွေ့မှ ကဗျာစရေးခဲ့တာမဟုတ်ပါ

အသည်းဟက်တက်ကွဲမှ
အရက်ခွက်ထဲ ဆင်းသက်ခဲ့တာမဟုတ်ပါ

အရာရာတတ်သိနားလည်ဖို့ရာလည်း
ဘ၀ မနာခဲ့ပါ

ခေတ်စားတဲ့သီချင်းတိုင်း မကြိုက်ခဲ့ပါ

တွေ့သမျှလူတိုင်းနဲ့ အပေါင်းအသင်းမလုပ်ခဲ့ပါ

ပထမဆု မရတဲ့အတူတူဆိုရင်တော့
နှစ်သိမ့်ဆုတော့ မလိုချင်ခဲ့ပါ

ခြောက်တိုင်းလည်း မကြောက်ခဲ့သလို
မြှောက်တိုင်းလည်း မမြောက်ခဲ့ပါ

ဒါက
အသစ်တွေ့တိုင်းလည်း မချစ်တတ်ခဲ့တဲ့
ကျုပ်အထာနဲ့ကဗျာ။

In: ကဗျာ Posted By: Date: May 13, 2011
Comment #1

အားပေးသွားတယ် ဦး။၈ျ။ိး

commentinfo By: အသဲကွဲမိုး at May 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment