Professional Authors

အတာ (ငွေတာရီ)

ဆရာမ ငွေတာရီရဲ့ ကဗျာလေးတပုဒ်ပါ။ ငွေတာရီဟာ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတွေကို နှစ်သက်လွန်းလို့ တခါတရံ ဆရာ့ရဲ့ကဗျာကို အတုယူပြီး စပ်ဆိုခဲ့ကြောင်း ဖတ်ဘူးပါတယ်။ ဒီကဗျာလေးဟာလည်း မင်းသုဝဏ်ရဲ့ ‘လက်ဆောင်ပြန်’ ဆိုတဲ့ကဗျာနဲ့ ဆင်တူနေတာ တွေ့ရတော့ ဒီလိုဖွဲ့ဆိုခဲ့တဲ့ ကဗျာတပုဒ်များလား ကျွန်တော်ထင်မိပါတယ်။ ကျွန်တော့အမြင်ကိုသာ ပြောခြင်းဖြစ်ပါသည်။

 

သင်္ကြန်တော် တန်ခူးမို့
ရွှေဝါဖူး ပိတောက်တွေ
ပွင့်ပေါ့ ဝေေ၀။ ။

အတာရေ ဖြာဝေလို့ စိုလန်း။ ။

ချစ်ဦး မာပါစေ- တဲ့
နှစ်ကူး သာပါစေ- တဲ့
ပဏာချွေ ရွှန်းဝေ ဆင့်တယ်
ထွန်းတင့် နှစ်ဆန်း။ ။

In: ကဗျာ,ငွေတာရီ Posted By: Date: Apr 14, 2011
Comment #1

သင်္ကြန်တော် တန်ခူးမို့
ရွှေဝါဖူး ပိတောက်တွေ
ပွင့်ပေါ့ ဝေေ၀။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment