Professional Authors

မရေးချင်တဲ့ မယ်လိုဒီ

အလွမ်းဆိုတာ ..

 

နှုတ်မဆက်ဘဲ…

 

ထွက်ခွာသွားတဲ့ ..

 

ရှေးခေတ် ရထားတစ်စင်းပေါ့…

 

နတ်သမီးပေါက်စလေးရယ်..

 

တစ်ကယ်တော့ ..

 

မေးခွန်းတွေဆိုတာ ..

 

အဖြေကို စောင့်နေရတဲ့..

 

သတို့သမီးတစ်ယောက်လိုဘဲ….တဲ့

 

ငါ့ကိုမျက်လုံး ပြူးပီးတော့… 

 

မကြည့်ပါနဲ့…

 

မရီချင်ဘဲ လူတွေကို ရယ်ပြရတာ…

 

မောတယ်..

 

အလင်းလေးတွေ ထ အအက်…

 

ငါ့ဂစ်တာရဲ့ မယ်လိုဒီ..

 

အဆင်းအတက်မှာ…

 

ကြောင်ပေါက်လေးအတွက်…

 

သီချင်းတွေ ညှပ်နေရှာတယ်…

 

အသဲကွဲတယ် ဆိုတာ…

 

လေ့ကျင့်ခန်း မဟုတ့်ဖူး..

 

သံယောဇဉ် အကြွင်းအကျန်လေးတွေ 

 

ဆီလောင်းပြီး မီးရှို့…တော့

 

မင်းရဲ့ ရယ် သံ ခပ်ကျဲကျဲ လေးတွေ….က

 

ဟိုး ရင်ဘတ် အတွင်းပိုင်း က

 

လှိုင်တတ်လာတယ်….

 

သိလား..

 

မင်းကို ရုပ်တည်လေး လွမ်းနေတာ..

In: ကဗျာ Posted By: Date: Mar 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment