Professional Authors

နေ့ဟောင်းများ ( မောင်ချောနွယ်)

လွမ်းစရာနေ့ရက်တွေချည်းပါလား
ထုထည်နဲ့အတုံးအခဲတွေ
ပစ်ထည့်ခံရ။
ကိုယ်ကိုဆယ်ခဲ့ရတာ နှစ်ပေါင်းသုံးဆယ်
တခက်တခဲကြီးပါ
ရာသီဆိုးသွမ်း လမ်းမကြီးပါလား
ရာသီသစ် ပန်းသစ်တဝေဝေ
ငါတို့တစ်တွေလမ်းမှာ
ဇလပ် ခတ္တာ
အင်ကြင်းဝါနီ
တော်ဝင်ပိတောက်
ပေါက်ပွင့်နီနီရဲရဲ
နွေကိုသောက်ကြပြီး
အသည်းအေးမြကြ
သူငယ်ချင်း “ဖော်ဝေး” ရေ
အိုခဲလှ နာခဲ့ကြ ဘုရားတိုင်အလွမ်းတွေနဲ့
ဘဝဟာ ပြေးလမ်းဖြစ်ပြီး
လောကကြီးဟာ
အမောပြေသောက်ဖို့ ရေတစ်ပေါက်လောက်ပါ
သန္တိသုခလေပြည်
နေမဝင်ခဲ့ပါဘူးအမေ။
အမေရယ်
လောကကြီးက သားရဲ့တံခါးကိုဖွင့်မပေးခဲ့ဘူး
ရနံ့မွှေးပြီး
အပွင့်ဝေကြွေတဲ့ ခရေပင်မြစ်ကမ်းပါးလေးမှာ
ထိုင်ခဲ့ရတာလည်း နှစ်သုံးဆယ်ပါ
အမေရယ်
ကျွန်တော့်ရဲ့ နှစ်သုံးဆယ်ဟာလည်း
အရှုံးတွေချည်းပါပဲ
ကျွန်တော် ရောက်အောင်သွားခဲ့ပါတယ်အမေ
ဖြစ်ပြီးသားအပြစ်တွေ
ပျောက်ပျက်လွန်းခဲ့
အမှန်ကိုဖန်တီးခဲ့ပေမယ့်လည်း
ကမ္ဘာကြီးမှာ ဘာမှလည်းလွမ်းစရာမရှိတော့ပါဘူး
တကယ်တော့လည်း ဟုတ်ပါတယ်
ဘဝဆိုတာ လေထဲကဖုန်မှုန့်လေးပါပဲ
ခုတော့..
အခွံကဖီးမှာ
အမေ့သားဟာ
မိုက်လုံးကြီးကြီးသစ်သီးတွေ ဝေဝေဆာဆာသီးလို့။

မောင်ချောနွယ်

Comment #1

ဘဝဆိုတာ လေထဲကဖုန်မှုန့်လေးပါပဲလေ……………

commentinfo By: မှုံရွှေရည် at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment