**ချစ်သူများနေ့တဲ့လား**

ဒီနေ့…ဖေဖ၀ါရီ 14 ရက်**ချစ်သူများနေ့**တဲ့လားညီမလေးရေ…ရင်ခုန်နေသလားကာဒ်ကလေးတွေ၊ ပန်းကလေးတွေချောကလက်လေးတွေ၊ …တွေ၊ …. တွေဟိုက သည်ကအများကြီး အများကြီးမင်းရနေသလားလူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်လူလည်တွေလည်း ရှုပ်ရှုပ်ယှက်ယှက်လူလတ်တွေလဲ ကသုတ်ကရက်လူတတ်တွေလဲ ဗရုတ်ဗရက်၊အော်….တကယ်တော့…ဒီနေ့ဟာ…ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့45ရက်မြောက်နေ့…**ကလောဒီယမ်စ်** ဆိုတဲ့သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်ဧကရာဇ်ဘုရင်ယုတ်ရဲ့ အမိန့်ကို လစ်လျုသွေဖည်ပြီးချစ်သူတွေကို တိတ်တဆိတ်လက်ထက်ပေးတဲ့တာနီမြို့က Saint Valentiuns ဆိုတဲ့သူတော်စင်ပုဂ္ဂိုလ်ကြီးရာမမှာ…နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ…သူတို့ဟာ သူတို့ဂုဏ်ပြုရင်ပြုပါစေ..တို့တွေနဲ့အဝေးကြီးပါကွယ်…။ ညီမလေးရယ်တစ်ခုလောက်သေသေချာချာ စဉ်းစားပါဦးမနေ့က…ဖေဖ၀ါရီလ 13 ရက်နေ့ကလွန်ခဲ့တဲ့ 95 နှစ်ကာလကနွေအကူး..လေရူးတွေ ဝေနေတဲ့အဲဒီနေ့……စနေနေ့မနက်အရုဏ်တက်လို့မိုးသောက်ကျင်းတဲ့အချိန်မှာ…**ထိန်လင်း**ဆိုတဲ့ကလေးငယ်ကလေးဟိုး…အညာက နတ်မောက်မြို့မှာမွေးဖွားခဲ့တယ်သူက…စာပေကို ချစ်တယ်အမှန်တရားကို ချစ်တယ်ရင်သွေးတွေကို ချစ်တယ်အဲဒါတွေ အားလုံးထက်ပိုပြီး..တို့တိုင်းပြည်ကို ချစ်သတဲ့ ယောကျာ်းကောင်းတို့ရဲ့ ရဲသတ္တိ၊ယောကျာ်းကောင်းတို့ရဲ့ သမာဓိ၊ယောကျာ်းကောင်းတို့ရဲ့ သီလ၊ယောကျာ်းကောင်းတို့ရဲ့ စာဂ၊ယောကျာ်းကောင်းတို့ရဲ့ သိက္ခာ၊ယောကျာ်းကောင်းတို့ရဲ့ ပညာ၊ယောကျာ်းကောင်းတို့ရဲ့ သစ္စာ၊သူ့မှာ အကုန်ရှိသတဲ့… နောက်ဆုံး…အဲဒါတွေအကုန်လုံးဘာမှ ယူမသွားရှာလေတဲ့ချစ်သူကောင်းတစ်ယောက်ယောကျာ်းကောင်းတစ်ယောက်အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်တို့ရဲ့… မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့ချစ်ဖို့မေ့နေကြတာရင်နာလိုက်တာကွယ်**ဖေဖ၀ါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ။တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး၊ရှေ့နေဦးဘ သား။ဇာတိနတ်မောက် မကွေးခရိုင်၊သိကြများခုတိုင်။ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။မိခင်ဒေါ်စုသား…ငယ်ငယ်ကဆိုခဲ့ရတဲ့ ကဗျာလေး… … Continue reading **ချစ်သူများနေ့တဲ့လား**