Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

I Love Her

ကျွန်တော် သူမကို ချစ်တယ်

စွဲလမ်းမှုတွေ က 
ရမ္မက်ဆန်နေတယ်
တခါတလေကြ
ရင်ခုန်သံကာရံ ‌ေတွက
ဒုက္ခကို အရောင်ဆိုးနေကြတယ်
ဒါပေမဲ့လဲပေါ့
ကျွန်တော် သူမကို ချစ်တယ်

သူမကြောင့်ပေါ့
အမှောင်ထဲမှာ လမ်းလျှောက်နေမိတယ်
သို့ပေမဲ့လဲ ကျွန်တော် လမ်းမပျောက်ခဲ့ပါဖူး
သူမက ကျွန်တော့ ရဲ့ အလင်းရောင်
ပိုးစုံးကြူးလေးဖြစ်နေပါစေ
ကျွန်တော် သူမကို ချစ်တယ်

သေမိန့်ကျ တရားခံတစ်ယောက်လိုပေါ့
ပြီးဆုံးခြင်းဆိုတာကို ထိုင်စောင့်နေရတယ်ဆိုလဲ
ကျွန်တော် ကျေနပ်တယ်
ဘဝဆိုတာ စက်ဝိုင်းတခုပဲ
တစ်ချိန်ကျရင် 
ကျွန်တော့ဆီ ပြန်ရောက်လာနိုင်သေးတယ်
မသေချာတဲ့ မျှော်လင့်ချက်တခု ဖြစ်နေလဲ
ကျွန်တော် သူမကို ချစ်တယ်

သူမကို လွမ်းတဲ့ စိတ်ကြောင့်
နေ့တာတွေပဲ ရှည်လာတယ် ထင်မိတာ
ခုတော့ ညဆိုတာလဲ အဆုံးမဲ့လာတက်တယ်
ဝဲ လာတဲ့ မျက်ရည်တွေကို သုတ်ရင်း
သူမရဲ့ ဓါတ်ပုံလေးတွေကို ထုတ်ကြည့်ခဲ့မိတယ်
သူမရဲ့ အပြုံးတွေက
ကျွန်တော့ အတွက် မဟုတ်ပေမဲ့လဲ
ကျွန်တော် သူမကို ချစ်တယ်

ကျွန်တော်ဟာ
ပိုးဖလံလေးတစ်ကောင်ပါ
နာကြင်ရမယ်ဆိုတာသိပေမဲ့
သူမတွက်ဆို ‌မီးကိုလဲ တိုးခဲ့မိတယ်လေ
ကျွန်တော့ရဲ့ ဘဝအတောင်ပံတွေ
မီးတောက်ရဲ့ လောင်မြိုက္မှု ခံရပေမဲ့လဲ
ကျွန်တော် သူမကို ချစ်တယ်

ရာသီစက်ဝန်းတွေ ပြောင်းသွားခဲ့တယ်
သစ်ရွက်ခြောက်တွေ ကြွေသွားပြန်တယ်
မြူခိုးတွေလဲ ဝေကျလာတယ်
အို အရှင် အချိန်ရယ်
ကျွန်တော့အပေါ်ထားတဲ့ သူမရဲ့ခံစားချက်တွေပေါ်
အရောင်တွေ မခြယ်လိုက်ပါနဲ့ကွယ်
မပိုင်ဆိုင်နိုင်ဖူးဆိုတာ သိနေလဲ
တနေ့ ဝေးကွာရမယ် ဆိုရင်လဲ
ကျွန်တော် သူမကို ချစ်တယ်

မြို့ပျက်ကြီး ပေါ်က တစ်ယောက်သောသူက
ကျွန်တော်သာ ဖြစ်မယ်ဆို
တစ်တိုင်ထဲ လင်းနေတဲ့ မီးတိုင်က သူမပါ
ကျွန်တော် ထွေးပိုက်ထားတဲ့ ခံစားချက်တွေအတွက်
ရင်ဖွင့်ဖိုရာ တခြားသူ မရှိပေမဲ့
သူမ ဆိုတဲ့ မီးတိုင်လေးကိုပဲ
ကျွန်တော် ရင်ဖွင့်ခဲ့လိုက်တယ်
ရင်ခုန်သံတွေ အဓိပ္ပါယ် မဲ့သွားပေမဲ့လဲ
ကျွန်တော် သူမကိုချစ်တယ်

အချိန်ခဏသာ ထွေးပွေ့ခဲ့ရပေမဲ့
ရင်ခုန်သံ‌ေတွက အမြဲ အမှတ်ရနေပါတယ်
ပျားရည်စမ်းတဲ့ နှုတ်ခမ်းပါးလေးလဲ
ကျွန်တော် စွဲလမ်းတယ်
ကလေးတစ်ယောက်လိုလဲ ပိုက်ထွေးထားမိတယ်
သူမရဲ့ ဆံပင်လေးတွေ
တယုတယ သပ်ချပေးနေရတာလဲ
ကျွန်တော် အရမ်းကြိုက်တယ်
ရေပေါ်မှာ အရုပ်ဆွဲသလို
ခဏတာနဲ့ ပျောက်ရှသွားမယ်ဆိုလဲ
ကျွန်တော် ကျေနပ်တယ်

ကျွန်တော်

           သူမကို
                       
                      အရမ်းချစ်တယ်

(၄/၁၂/၂၀၂၀)
In: ကဗ်ာ Posted By: Date: Dec 4, 2020

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors