“””” သို့…. ဝေးရာ “”””
** သို့… ဝေးရာ **
တော်ပြီလေ..
မျှော်လင့်ချက်မှုန်ပြပြနဲ့
သန်းခေါင်ယံည
ကြယ်အကြွေကောက်ဖို့က
ဝေးခဲ့ပြီပဲ..
တော်ပြီလေ……
လွမ်းတယ်ဆွေးတယ်ဆိုတာ
ငါငြီးငွေ့ခဲ့တဲ့
လုပ်ဇာတ်ကြီးမို့….
လူတွေရဲ့သဘာဝကို
ဘဝကကောင်းကောင်းပြောပြခဲ့ပြီးပြီ…..
တော်ပြီလေ
အိပ်တန်းတက်ဖို့အတွက်
ပုံပြင်တွေ….အပ်ကြောင်းထပ်ခဲ့ပြီပဲ
ကောင်းတယ်ဆိုးတယ်ဆိုတာ
ကိုယ်ကိုတိုင်ရဲ့
ဖန်တီးမှုမို့….
အဝင်အထွက်လှဖို့ပဲ လိုတာပါ….
တော်ပြီလေ
မလိုပါဘူး…
ဖိနပ်လှလှ ထီးလှလှတွေ
ခရီးဆိုတာ
မလျှောက်လည်းရောက်နေတာပဲ
ဆိုတော့…..
ငါလေ..ဘဝကိုအတောင်တပ်
ကမ္ဘာ့အပြင်ဘက်လွှတ်လိုက်တယ်..
ဆန္ဒတွေနဲ့ဝေးရာ……။ ….။
အဇူရီ
Leave Comments
Email me whenever there is new comment
Copyright © 2024 PoemsCorner. All rights reserved. Terms of Service