Professional Authors

ငါ့ရဲ့အနှစ်သက်ဆုံးများ

ဖြစ်မလာချင်းတွေအတွက်
တကူးတကမျှော်လင့်ပြရတာကိုးက
ငါ့ရဲ့အနှစ်သက်ဆုံးများ

ရောင့်ရဲနိုင်တတ်သလိုလိုနဲ့
ဟန်ကို့ဖို့နေတတ်ဖို့ကို
ရင်းရတဲ့မျက်ရည်တွေက
ငါရဲ့အနှစ်သက်ဆုံးများ

မြင်ရပါလျက်နဲ့
ခိုးခိုးကြည့်ရတဲ့အရသာကိုမှ
နှစ်လိုမိတဲ့
ငါ့ရဲ့အနှစ်သက်ဆုံးများ

ခဏပါ….
ကြာတော့လဲမေ့လွယ်ပျောက်လွယ်ပေါ့တဲ့
အထိန်တလန့်ရှိလှတဲ့စကား
သို့မဟုတ်……
နမိတ်မကောင်းတဲ့စကား….
ငါ့ရဲ့အနှစ်သက်ဆုံးများ

ဒီလိုနဲ့များ……
ဟိုးအဝေးကြီးကို….လွင့်လွင့်ထွက်သွားပစ်လိုက်ဖို့
ဆုမတောင်းပဲနဲ့ပြည့်လာရတဲ့
ငါရဲ့အနှစ်သက်ဆုံးများ……..။။။

အမရာ

In: ကဗျာ Posted By: Date: May 21, 2010  
Comment #1

ကောင်းပါတယ်အစ်မရေ……

commentinfo By: moehetaung18 at Nov 25, 2010
Comment #2

one of i like the most poem အမရာ..really niceeeee

commentinfo By: memo at Jun 20, 2011
Comment #3

ဖြစ်မလာချင်းတွေအတွက်
တကူးတကမျှော်လင့်ပြရတာကိုးက
ငါ့ရဲ့အနှစ်သက်ဆုံးများ…

မိုက်တယ်.. စာသားတွေက။
အားပေးသွားပါတယ်နော် ။

commentinfo By: Titan at Apr 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment