Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

သူရဲကောင်းသုံးယောက်နှင့် ခရီးသည် (ငွေတာရီ)

ဆရာမကြီး ‘စာဆိုမယ် ငွေတာရီ’ ဘယ်အချိန်အခါက ဒီကဗျာကို စပ်ခဲ့တယ်တာ့ ကျွန်တော်မသိပါ။ သို့ပေသိ ငယ်ငယ်က သင်ခဲ့ရဘူးတာ မှတ်မိကြပါလိမ့်မယ်။

စုံရိပ်မြိုင်စွယ် ကန္တာလယ်
အိုဘယ်ယောက်ျား ခရီးသွား
ဖော်လည်းမစွယ် တကိုယ်ငယ်
အိုဘယ်သူသား ကြောက်ဘူးလား။

ထိုသို့မေးသော်
ရွှင်အေးကြည်သာ ပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ ‘သတ္တိ’ရှိပြီ
ချစ်သည်သဟာ ‘ဇွဲ’လည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်း’လုံ့လ’ ဘေးကတူယှဉ်
ပါခဲ့လျှင်သော်
ငါ့တွင်သေချာ အောင်ဖို့ရာတည့်။

ယောက်ျားငါကိုယ် မွက်ဟဆို
ဖော်မလိုပဲ တကိုယ်ထဲ
တော်ပေ့လူမော် ပွဲတိုင်းကျော်
သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
အောင်မြဲမုချ အောင်မည်ပ။.။

In: ကဗျာ,ငွေတာရီ Posted By: Date: Aug 26, 2011
Comment #1

ထိုသို့မေးသော်
ရွှင်အေးကြည်သာ ပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ သတ္တိရှိပြီ
ချစ်သည်သဟာ ဇွဲလည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်းလုံ့လ ဘေးကတူယှဉ်
ပါခဲ့လျှင်သော်
ငါ့တွင်သေချာ အောင်ဖို့ရာတည့်။

commentinfo By: May Kha at Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment