Professional Authors

ငါမငိုတော့ဘူး

မင်းကိုသတိရတိုင်း
ကဗျာတွေရေးမိတဲ့အခါ
ငါ့ရဲ့မျက်ဝန်းအိမ်က
မျက်ရည်တွေဟာ
ထိန်းမရအောင်
ကျဆင်းခဲ့ရတယ်
အခုတော့
ငါ့ရဲ့မျက်ရည်
ခမ်းခြောက်သွားပြီ
မင်းပေးခဲ့တဲ့
ဒဏ်ရာကလည်း
ကျက်သွားပြီ
နောင်ဆိုငါမငိုတော့ဘူး
အဲဒါတော့မင်းမှတ်ထားပါ
တစ်နေ့မှာ
မင်းလည်းငါ့လို
မဖြစ်ပါစေနဲ့လို့
ဆုတောင်းပေးနေပါတယ်။           ။

In: ကဗျာ Posted By: Date: Jul 7, 2011
Comment #1

မငိုပါနဲ့ဗျာ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 7, 2011
Comment #2

ဒီတရက်ပဲဝအောင်ငိုလိုက်နော်…

commentinfo By: May Kha at Jul 8, 2011
Comment #3

hint……….
ma ya bu,
ma ya bu.
sate soe tone minutes lay pe ya tar.
p yin remember yaw,,ngo yaw.

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment