Professional Authors

“ဝမ်းတွင်းရူး”

ဘဝဟာ ကျိန်စာလို့

အသည်းကွဲခဲ့သူတွေ အော်ငိုတော့

ကိုယ့် ဂစ်တာလေးနဲ့ ဒိုင်ယာရီလေးတွေကို

ကိုယ်အားနာခဲ့ဖူးတယ်..။

 

မူမမှန်သူရဲ့ ရင်ငွေ့ကိုခံ

ချစ်ခြင်းတရားရဲ့မနက်ဖြန်ကို အယူတိမ်းပြီးမှ

ကိုယ် ထူတဲ့လမ်းမှာ ကိုယ်ပိုင်အောင် “က”ပါ့မယ်…

ထားသွားသူနင်လည်း အပြစ်ကင်းစေရပါမယ်။

 

သစ္စာတဖက်၊ အလွမ်းတစ်ဖက်နဲ့

မနက်ဖြန်တွေဘက်လှည့်ပြီး

ကိုယ်ရွာသွန်းလိုက်တယ်….

ခုထိတော့ ခြိမ့်ခြိမ့်ကိုသည်းလို့ ။

 

ကဲ…ကောင်မလေးရေ

နင်ထင်ခဲ့သလိုဘဲ

ကိုယ်ဟာဝမ်းတွင်းရူးတစ်ယောက်ဆိုတာ

ထပ်သေချာပြန်ပြီမဟုတ်လား။   

 

စိမ်းခက်စိုး

ဇွန်လ ၂၀၁၁

နေ့လည် – ၁၂း ၃၇ နာရီ

In: ကဗျာ,Others Posted By: Date: Jun 10, 2011
Comment #1

နင်ထင်ခဲ့သလိုဘဲ
ကိုယ်ဟာဝမ်းတွင်းရူးတစ်ယောက်ဆိုတာ
ထပ်သေချာပြန်ပြီမဟုတ်လား

commentinfo By: angel at Jun 10, 2011
Comment #2

ဟာ…..ကောင်းလိုက်တာဗျာ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 10, 2011
Comment #3

ကောင်း
ပါတယ်….။
အားပေးသွားပါတယ်.။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment