Professional Authors

အမျိုးအမည် မသိသော သစ်ပင်

တစ်ခါတုန်းက သစ်ပင်လေးတစ်ပင်ဟာ အမျိုးမျိုးသော သစ်ပင်တွေကြားမှာ ပေါက်လာခဲ့တယ်။ အဲဒီသစ်ပင်လေးက ဘာပင်လေးမှန်း မသိသေးတော့ အမျိုးအမည်မသိပေါ့။ အဲလိုနဲ့ သစ်ပင်လေးဟာ ညောင်ပင်ကြီးတစ်ပင်ကို အားကျနေတယ်တဲ့။ စိမ်းစိမ်းစိုစိုနဲ့ လှပခန့်ညားတဲ့ ညောင်ပင်ကြီးကို အားကျနေတာပေါ့။ သူ ကြီးထွားလာရင်လည်း ညောင်ပင်ကြီး ဖြစ်အောင်လုပ်မယ်။ လူတွေကို အရိပ်ပေးမယ်ပေါ့လေ စသည်ဖြင့် စိတ်ကူးတွေ ယဉ်နေခဲ့တာ…။ မကြာပါဘူး သရက်သီး သီးချိန် ရောက်လာပါတယ်။ သရက်ပင်ကြီးကို ကြည့်ပြီး သစ်ပင်လေးက အားကျနေပြန်တယ်လေ။ သူ ကြီင်္းထွားလာရင် သရက်ပင်ကြီးလို ချိုမြိန်ပြီးကြီင်္းမားတဲ့ သရက်သီးကြီးတွေ အများကြီး သီးပေးမယ်ပေါ့။ စိတ်ကူးတွေယဉ် ပီတိတွေဖြာနေပြန်တယ်လေ။ အဲ နောက်ကျတော့ ပန်းတွေ ဝေေ၀ဆာဆာ ပွင့်နေတဲ့ ခရေပင်ကြီးကို မြင်ပြန်ပြီး အားကျမိပြန်တယ်။ သူရဲ့ အကိုင်းအခက်တွေမှာ ပန်းတွေ ဝေဆာချင်ပြန်တယ်လေ။ ဒီလို ဒီလိုနဲ့ သစ်ပင်လေးဟာ ဟိုအပင် အားကျလိုက် ဒီအပင် အားကျလိုက်နဲ့ နှစ်အနည်းငယ်ကြာတော့ အတော်လေးကြီးထွားလာခဲ့ပါတယ်။ ဘာမှအသုံးမကျတဲ့ သစ်ပင်ကြီးတစ်ပင် အဖြစ်နဲ့ပေါ့။ ထင်း စိုက်ရင်တောင် မီးကောင်းကောင်းမတောက်နိုင်ဘူးတဲ့။ အမျိုးအမည်မသိသစ်ပင်လေးဟာ ဘာမှန်းမသိ ဘာမှအသုံးမကျတော့ တဖြည်းဖြည်း စိတ်ဓာတ်ကျလာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လည်း မရှုနိုင်။ ရေလည်းမသောက်နိုင်ဖြစ်ပြီး နောက်ဆုံးတော့ သေဆုံးသွားခဲ့ပါတယ်…။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ…

(စာကြွင်း။       ။ကျွန်တော်တို့ နိုင်ငံက လူငယ်များလည်း ထိုသစ်ပင်လေးဘ၀နဲ့ ထပ်တူညီသလို ဖြစ်နေတာကို စဉ်းစားမိစေချင်ပါတယ်။)

 

ဘင်ကြီး

In: စကားပြေ,Others Posted By: Date: Jul 26, 2010
Comment #1

is it poem? this is poem section, friend…

commentinfo By: Sithu Yae Yint Htun at Jul 26, 2010
Comment #2

sorry i took wrong .. hee hee 😀

commentinfo By: Sithu Yae Yint Htun at Jul 26, 2010
Comment #3

Two men look through the same bars, one sees mud and one sees stars!!!

commentinfo By: wordsareflowingoutlikeendless at Jul 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment