Professional Authors

နင်အဆင်ပြေပါ့မလား…..?

လေအေးအေးတွေ တိုက်လာတိုင်း ခြေဖျားလက်ဖျားတွေအေးစက်တက်တဲ့နင်
သူနဲ့အတူရှိနေပေမယ့်…..ကန်ဘောင်ပေါ်လမ်းလျှောက်ကြတဲ့အခါ
ဆောင်းလေအေးအေးရဲ့တိုက်ခတ်မှုတွေနဲ့ နင်အဆင်ပြေပါ့မလား……?

မိုးရေတွေထဲ ခဏလေး လမ်းလျှောက်ရုံနဲ့ နှုတ်ခမ်းတွေ ပြာပြီး ခိုက်ခိုက်တုန်ချမ်းနေတက်တဲ့နင်
လာမယ့်မိုးတွင်း သူနဲ့အတူလျှောက်သွားတဲ့အခါ……
အချိန်အကြာကြီး မိုးရေထဲမှာ နင် အဆင်ပြေပါ့မလား…..?

ဆေးလိပ်တွေ တအားသောက်တိုင်း ချောင်းတွေဆိုးပြီး ဖျားတက်တဲ့နင်
သူစိတ်ကောက်လို့ ပြသနာ ရှာတဲ့အခါ….နင့် စိတ်ထွက်ပေါက်အဖြစ်
ဆေးလိပ်တွေ အရမ်းသောက်ရင်း……နင်အဆင်ပြေပါ့မလား…..?

မိသားစုအကြောင်း ကြေကွဲတဲ့အခါတိုင်း ရင့်ဖွင့်ရမယ့် ငါမရှိ နင်သောက်လေ့မရှိတဲ့ ဘီယာတွေ သောက်ပြီး
ခေါင်းကိုက်တက်တဲ့အကျင့် နင်ပြန်ဖြစ်ရင် သူဝယ်တိုက်တဲ့ ဆေးတွေနဲ့ နင်အဆင်ပြေပါ့မလား……….?

နင်စိတ်ချမ်းသာနိုင်ဖို့ နင်ရွေးချယ်ပေးတဲ့လမ်း နင့်ကိုချစ်တဲ့စိတ်တွေနဲ့……ငါ လက်ခံခဲ့တဲ့အခါ
အချိန်လွန်မှ နင်သိခဲတဲ့ နင့်ရဲ့သံယောဇဉ်တွေအတွက်
နောင်တစ်ချိန် ငါတို့ ပြန်တွေ့ကြတဲ့အခါ သူငယ်ချင်းတွေအဖြစ် နှုတ်ဆက်ကြဖို့…..နင် အဆင်ပြေပါ့မလား…………?

In: Others Posted By: Date: Jan 14, 2011
Comment #1

မကေ တို့က လုပ်ချလိုက်ပြန်ပြီး အ၇မ်းကောင်းပါတယ် …

commentinfo By: genius.jinx28 at Jan 14, 2011
Comment #2

အစ်မရေးထားတာကောင်းပါတယ်။ကျွန်တောနဲ.အဖြစ်ချင်းဆင်တယ်။ခံစားလို.အလွန်ကောင်းပါတယ်။

commentinfo By: mr.casper.too at Jan 15, 2011
Comment #3

ခံစားပြီးများရေးထားတာလားဟင်…..ဖတ်လိုက်ရတာလူတောင်ဆွေးဆွေးမြေ့ မြေ့ ဖြစ်သွားတယ်

commentinfo By: E-than at Jan 18, 2011
Comment #4

ကဗျာက အရမ်းကောင်းတယ်….ကေသရီ ရေးတဲ့ကဗျာတိုင်း ရင်မှာ တစ်ခုခုကျန်ခဲ့တယ်….ပျော်စရာလေးလဲ ရေးပါအုံးဗျာ…. 🙂 🙂

commentinfo By:ှShane Khant at Jan 18, 2011
Comment #5

if i m impossible to stay besides u,,,,,,
if i died before u,,,,,,,,,,,,,,,,,,

commentinfo By: ei lay at Aug 6, 2011
Comment #6

နင်​အဆင်​​ပြေပါ့မလားးး

commentinfo By: han mo at Oct 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment