Professional Authors
လောဘဆိုလဲ ခွင့်လွတ်ပါ
တချက်လောက်တော့ စောင့်ကြည့်ပေးပါ ငါလုပ်နိုင်တာကို ပြချင်သေးတယ်…………….မင်းတို့ လျှောက်နေတဲ့ အဲဒီလမ်းက ငါမလျှောက်နိုင်လို့ ဒီလမ်းက ပြောင်းလျှောက်တာပါ ……………မင်းတို့ေ၇ာက်နေတဲ့ ပန်းတိုင်ကို ငါလဲတနေ့ေ၇ာက်မှာ အသေချာ ပြောရတယ် စောခြင်း နောက်ကျခြင်းပဲ ကွာလိမ့်မယ် အဲဒါက ငါ့အရည်အချင်းအရ။
ဒီလမ်းပေါ်ဘယ်သူ မှတင်မပေးပဲ ငါအလိုလိုရောက်လာတာ ဒါပေမယ့် ငါ့ သဘောမပါဘူး …..ဖြူဖြူကျော်သိန်း သီချင်းထဲကလို ဇာတ်ဆ၇ာအလိုကျ……….
သွေးစပ်ပါတဲ့ ဆိုတဲ့ လူတွေကတောင် ကဲ့ရဲ့ ရှုတ်ချလို့ ………………………..ဒီလမ်းပေါ်လျှောက်နေလို့ တကိုယ်ကောင်း ဆန်တယ် လို့ အပြောမစောပါနဲ့ …ခဏလောက်တော့ စောင့်ကြည့်ပေးပါ တကိုယ်ကောင်းတွက် မဟုတ်တာပြချင်သေးတယ်……..ပင်ပန်းတယ် အထီးကျန်တယ် ဒီနေ့ ကြာသပတေး သြော် မနက်ပိတ်ရက်ပဲ သတိမထားမိတော့ပါလား…..
့ …………အစစ်မ၇နိုင်တော့တဲ့ ဒီလောကမှာ ငါရဲ့  ဒီဆန္ဒ  တွေကတော့ အစစ်မှန်ပါ …………ဒီလောဘတွေ အတွက် ခွင့်လွတ်ပါ………ပန်းတိုင် မေ၇ာက်မီ ကျွန်ုပ်အတွက် လောက တံခါး ပိတ်မပစ်လိုက်ပါနဲ့ …………..။
In: Others Posted By: Date: Jan 7, 2011
Comment #1
ဘယ်လိုလောဘမျိုးလဲ ?? ……. အားပေးသွားတယ်ဗျာ
Comment #2
ဆန္ဒဆိုက ပိုမှန်ပါတယ် ။ “လိုချင်ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘဟုဆိုသည်။နိဗ်ဗာန်ကို လိုချင်မှု တ၇ားကို လိုချင်မှု စာပေတတ်ချင်မှု ဆင်းရဲသူများကို ပေးကမ်းလိုသဖြင့် ပစ္စည်းဥစ္စာများကို လိုချင်မှု စသော ကောင်းသော အ၇ာတွင် လိုချင်မှုမျိုးက လောဘမဟုတ် ဆန္ဒသဘော သာဖြစ်ပေသည်။”………….ဟု ဆိုထားလေတော့ကာ။ဘယ်လိုမျိုးလဲအတိကျတော့ ကိုလိပ်ပြာကို ပြောလို့ …..အင်း မဖြစ်ပေဘူး…ဟဲဟဲ။ကျေးဇူးတင်တယ် ကိုလိပ်ပြာ။
commentinfo By: dan at Jan 8, 2011
Comment #3
( ၁ )
တချက်လောက်တော့ စောင့်ကြည့်ပေးပါ ငါလုပ်နိုင်တာကို ပြချင်သေးတယ်…………….မင်းတို့ လျှောက်နေတဲ့ အဲဒီလမ်းက ငါမလျှောက်နိုင်လို့ ဒီလမ်းက ပြောင်းလျှောက်တာပါ ……………မင်းတို့ေ၇ာက်နေတဲ့ ပန်းတိုင်ကို ငါလဲတနေ့ေ၇ာက်မှာ အသေချာ ပြောရတယ် စောခြင်း နောက်ကျခြင်းပဲ ကွာလိမ့်မယ် အဲဒါက ငါ့အရည်အချင်းအရ။
( ၂ )
ငါဘာလုပ်နိုင်လဲ ငါသိတယ် ငါဘာမလုပ်နိုင်လဲ ဆိုတာ ကို လဲ အတိကျသိတယ် ……….ဒီလမ်းကို ဆက်လျှောက်နေတာ ရည်ရွယ် ချက်လမ်းကို ကွေ့ မယ့် လမ်းထောင့်ကို မေ၇ာက်သေးလို့ မြင်နေရတယ် ရှေ့ မှာ ……..ေ၇ာက်၇င် ကွေ့ လာခဲ့မယ် ခဏလောက်တော့ စောင့် ကြည့်ပေးပါ …………
( ၃ )
အဲဒီ ခံစားချက် နှစ်ပိုဒ်ကို သဘောကျမိတယ် ။
Comment #4
ကျေးဇူးပါ ကိုလူမော်ငြိမ်း ။
commentinfo By: dan at Jan 9, 2011
Comment #5
ငါဘာလုပ်နိုင်လဲ ငါသိတယ် ငါဘာမလုပ်နိုင်လဲ ဆိုတာ ကို လဲ အတိကျသိတယ် ……….ဒီလမ်းကို ဆက်လျှောက်နေတာ ရည်ရွယ် ချက်လမ်းကို ကွေ့ မယ့် လမ်းထောင့်ကို မေ၇ာက်သေးလို့ မြင်နေရတယ် ရှေ့ မှာ ……..ေ၇ာက်၇င် ကွေ့ လာခဲ့မယ် ခဏလောက်တော့ စောင့် ကြည့်ပေးပါ …………
(အင်း..ကျွန်မလဲအဲအပိုဒ်ကိုကြိုက်တယ်…)
commentinfo By: ရွှေငါး at Jan 22, 2011
Comment #6
ကျေးဇူးတင်ပါတယ် မရွှေငါး ….
မရွှေ ငါး ဆိုတဲ့နာမည် အ၇မ်းကောင်းတယ် စာသင်တဲ့ဆ၇ာ ခဏခဏပြောတယ် နာမည်မှာ ရွှေပါ၇င် အသက်ရှည်သတဲ့………….။
commentinfo By: dan at Jan 24, 2011
Comment #7
ဒါပေါ့ရှင်..ဒါကြောင့်ကျွန်မကလဲနာမည်ရှေ့တိုင်းမှာရွှေထည့်ခေါ်တယ်…ကိုရွှေဒန်ရဲ့.. 😀 အသက်ပိုရှည်အောင်.. 😛
commentinfo By: ရွှေငါး at Jan 25, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment