Professional Authors

ချစ်သူ

တကယ်လို့များ တနေ့နေ့မှာ မင်း ငိုကြွေးချင်နေခဲ့ရင်… ကို့ကို ခေါ်လိုက်ပါ…
မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့ ကို ကတိမပေးပါဘူး….
မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်…

တကယ်လို့များ တနေ့နေ့မှာ မင်း အဝေးဆုံးကို ပြေးထွက်သွားချင်နေခဲ့ရင်…
ကို့ကို ခေါ်ဖို့ မစိုးရိမ်နေပါနဲ့…
မင်းကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့ ကို ကတိမပေးပါဘူး….
မင်းနဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်…

တကယ်လို့များ တနေ့နေ့မှာ မင်း ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်…
ကို့ကို ခေါ်လိုက်ပါ…
မင်းအတွက် ကို ရှိနေပါမယ်လို့ ကတိပေးတယ်….
ပြီးတော့ တကယ်ကို တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း ကတိပေးပါတယ်…

ဒါပေမဲ့.. တကယ်လို့များ တနေ့နေ့မှာ မင်း ကို့ ကို လှမ်းခေါ်တဲ့အခါ…
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့…
ကို့ကို အမြန်ဆုံးလာတွေ့ပါ…
ကို မင်းကို လိုအပ်နေတာပဲ ဖြစ်မယ်…

Comment #1

တကယ်လို့များ တနေ့နေ့မှာ မင်း အဝေးဆုံးကို ပြေးထွက်သွားချင်နေခဲ့ရင်…
ကို့ကို ခေါ်ဖို့ မစိုးရိမ်နေပါနဲ့…
မင်းကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့ ကို ကတိမပေးပါဘူး….
မင်းနဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်…

တစ်နေရာရာကို ပြေးထွက်ကြတာ ကောင်းပါတယ်….

commentinfo By: နရီထက် at Dec 22, 2010
Comment #2

တကယ်လို့များ တနေ့နေ့မှာ မင်း ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်…
ကို့ကို ခေါ်လိုက်ပါ…
မင်းအတွက် ကို ရှိနေပါမယ်လို့ ကတိပေးတယ်….
ပြီးတော့ တကယ်ကို တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း ကတိပေးပါတယ်…

တော်တော် နားငြီးသက်သာမယ်နော် ပျော်စ၇ာကြီး၇န်ဖြစ်စ၇ာလည်းမလိုတော့ဘူး

commentinfo By: genius.jinx28 at Dec 22, 2010
Comment #3

အဟား အပေါ်က တယောက်တော်တော်နောက်တာပဲ..။ အားပေးသွားတယ်နော် ကောင်းတယ် လိပ်ပြာရေ…….။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #4

ဒါပေမဲ့.. တကယ်လို့များ တနေ့နေ့မှာ မင်း ကို့ ကို လှမ်းခေါ်တဲ့အခါ…
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့…

လိပ်ပြာလေးရေ……
ဒီကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်….
ရင်ကိုထိရှပါတယ်ဗျာ

commentinfo By: moehtetaung18 at Dec 23, 2010
Comment #5

ဒါပေမဲ့.. တကယ်လို့များ တနေ့နေ့မှာ မင်း ကို့ ကို လှမ်းခေါ်တဲ့အခါ…
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့…
ကို့ကို အမြန်ဆုံးလာတွေ့ပါ…
ကို မင်းကို လိုအပ်နေတာပဲ ဖြစ်မယ်…
အမလေးနော် …နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ လေးစားပါတယ် ကဗျာဆ၇ာ (မှတ်ချက်။ ။ ခုမှစ၀င်လာ၇်ျနာမည်မသိပါကြောင်း တောင်းပန်အပ်ပါသည်။)

commentinfo By: nyamoethee at Jan 3, 2011
Comment #6

ကျေးဇူးတင်ပါတယ် မိုးလေးရေ….. ခုလို လာရောက်အားပေးလို့
ကိုယ်က ကလောင်နာမည် -လိပ်ပြာ
နာမည်က မင်းရာဇာပါဗျာ

Comment #7

အီးး ဆော်ရီးပါဗျာ……….မိုးသဲရေ မိုးနဲ့ မိုးသဲနဲ့ မှားသွားလို့……….. ရှင်းအောင် သဲလို့ပဲ ခေါ်မယ်နော်…….

Comment #8

really nice

commentinfo By: ei lay at Feb 22, 2012
Comment #9

အရမ်းကောင်းတဲ့ စာသားလေးတွေပါ..။ အရမ်းကြိုက်ပါတယ်…။
🙂

commentinfo By: saung Hnin Phyu at Feb 5, 2013
Comment #10

excellent
excellent
excellent
i wish i could have.

commentinfo By: ei lay at Feb 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment