Professional Authors

ထိုနေ့သည် ၂ ရက်နေ့ဖြစ်သည်။

ငါသည် နှင်းကို ပြန်မတွေ့သေး။ထိုးချေထားသော အစီခံများသည်သာ ငါ၏အထီးကျန်မှု

ဖြစ်သည်။မင်းကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေမှာပါ ဥပေက္ခာ။

ဒီဇင်ဘာကို အထူးပြုရန် နာမ၀ိသေသနမှာ အလွမ်းဖြစ်၏။

သူမ၏သနပ်ခါးနံ့ပျောက်ဆုံးနေခြင်းသည်ပင် လရောင်တမ်းချင်း ကဗျာရေးရန်

ငါ့အတွက် လုံလောက်သော အကြောင်းပြချက်ဖြစ်နေသည်။

ကောင်းကင် ဘာကြောင့် ပြာ ၊သစ်ပင် ဘာကြောင့်စိမ်း …ဟူသော

ကဗျာဆရာတစ်ယောက်၏ရသမြောက်အတွေးသည် သိပ္ပံပညာရှင်တစ်ဦး၏

ဓာတ်ခွဲခန်းမှလာသော ရလဒ်ထက် ပိုမို ကျယ်ပြန့်သည်ဟု ငါထင်၏။

*အစိမ်းရောင်သည် စားပွဲပေါ် ခုန်ချလာသည်။ပြီး  နံရံမှာ ပျံကပ် ၏။

ထို့နောက် မျက်နှာကျက်သို့ ခုန်တက်ပြီး ငါ့ကို ဇောက်ထိုးကြည့်နေ၏။

မနက်ဖြန်မှာ သင်ကြားပေးဖို့ အတွက် လက်ရေးတိုများဖြင့်မှတ်သားရန် 

ငါသည် အာရုံကို စုစည်းထားလိုက်ပြီ။

 

*အစိမ်းရောင် = ဓါးခုတ်ကောင်(grass-hopper)။

In: Others Posted By: Date: Dec 17, 2010
Comment #1

ဒီဇင်ဘာကို အထူးပြုရန် နာမ၀ိသေသနမှာ အလွမ်းဖြစ်၏။

အရမ်းနှစ်သက်မိပါတယ်။

commentinfo By: sundywai at Dec 17, 2010
Comment #2

ကောင်းကင် ဘာကြောင့် ပြာ ၊သစ်ပင် ဘာကြောင့်စိမ်း …ဟူသော

ကဗျာဆရာတစ်ယောက်၏ရသမြောက်အတွေးသည် သိပ္ပံပညာရှင်တစ်ဦး၏

ဓာတ်ခွဲခန်းမှလာသော ရလဒ်ထက် ပိုမို ကျယ်ပြန့်သည်ဟု ငါထင်၏။

ကောင်တယ်ဗျာ

commentinfo By: moehtetaung18 at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment