Professional Authors

ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 05.. :P

ပဟဠိတဲပုတ် 05 ရဲ့မေးခွန်းတွေကိုမစခင် 02 ရဲ့ အဖြေတွေကို အရင်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

1.yelinnhtet

  1.ငတ်မွတ်ခြင်း
  3.oxygen
  4.wind
  5.ကမ္ဘာကြီး

အဖြေမှန်တွေက

1.  Nothing / နတ္ထိ / မရှိခြင်း
2.  လူ ( မနက်ခင်းဆိုတာက ကလေးဘ၀ကိုဆိုလိုတာပါ၊ကလေးဘ၀မှာ လေးချောင်းထောက်စသွားပါတယ်။
           နေ့လယ်ခင်းကတော့ အရွယ်ရောက်ချိန်ပေါ့၊ ညနေခင်းက အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်ပါ၊
           တုတ်ကောက်ကို အဖော်ပြုပြီး သွားလာရပါတယ်။ )
3.  Tomorrow / မနက်ဖြန်
4.  The letter *e*. End, timE, spacE, Every, placE
5.  ဖရဲသီး

05 အစီအစဉ်အတွက် မေးခွန်းများကို စပါတော့မယ်။

1.   တောက်ပနေတဲ့ ထိပ်ဖျားလေးတွေက အောက်ကို တည့်တည့် ထိုးစိုက်ဆင်းနေတယ်။
      အရောင်တဖျက်ဖျက်လက်နေတဲ့ လှံတံ ထိပ်ဖျားလိုပဲ ဘယ်တော့မှ သံချေးမတက်ဘူး။ ?

2.   အရင်က မင်းငါ့ကို ကြားခဲ့တယ်၊ အခုမင်းငါ့ကို ကြားပြန်ပြီ၊ ပြီးတော့ ငါသေဆုံးသွားတယ်
      မင်းပြန်ခေါ်သည့်တိုင်။ ငါဘာလဲ ?

3.   စွမ်းရည်သုံးမျိုး ငါ့မှာ ရှိတယ်။
      အရေပြားပေါ်မှာ သက်တောင့်သက်သာနဲ့ ဖြတ်လျောက်သွားနိုင်မယ့် ညင်သာမှုမျိုးလုံလောက်စွာရှိတယ်။

      ကောင်းကင်ကြီးကို ပွေ့ဖက်ထားနိုင်ဖို့ လုံလောက်တဲ့ ပေါ့ပါးခြင်းမျိုး ငါ့မှာရှိတယ်။
      ကျောက်တုံးတွေကို ခွဲပစ်ဖို့အတွက် လုံလောက်တဲ့ မာကြောခြင်းမျိုး လဲရှိတယ်။ ငါဘာလဲ ?

4.   ငါ့ရဲ့အသံမှာ ယောကျာင်္းတွေက စိတ်ကူးယဉ်ချင်ယဉ်မယ် ဒါမှမဟုတ်
      ခြေဆောင့်ချင် ဆောင့်ကြလိမ့်မယ်။
      ငါ့ရဲ့အသံမှာ မိန်းမတွေက ရီချင်ရီကြလိမ့်မယ်၊ ဒါမှမဟုတ် တစ်ခါတစ်ရံ
      ငိုကြွေးခြင်းပြုချင်ပြုကြလိမ့်မယ်။ ငါဘာလဲ ?

5.   ဘယ်သူပဲ ပြုလုပ်ပြုလုပ်၊ အဲဒါကို ပြောပြမှာ မဟုတ်ဘူး။
      ဘယ်သူပဲ ယူယူ၊ အဲဒါကို သိမှာ မဟုတ်ဘူး။
      ဘယ်သူပဲ သိသိ၊ အဲဒါကို လိုချင်မှာ မဟုတ်ဘူး။ အဲဒါဘာလဲ ?

      Good Luck 🙂

In: Others Posted By: Date: Oct 3, 2010
Comment #1

WOW~~Question no 5 is so so difficult!but i try to answer that question and also i want to tell massage all member, Don’t think deeply.thinking physically ! all right!

commentinfo By: zeyawin at Oct 3, 2010
Comment #2

1အဖြေက=ဘောပင်
2အဖြေက=တယ်လီဖုန်း
3အဖြေက=လေထု
4အဖြေက=ဂီတ
5အဖြေက=မကောင်းမှု့ 

commentinfo By: nyanlynn at Oct 3, 2010
Comment #3

🙂
မှန်ပါတယ်…. ပေါ့ပေါ့ပါးပါးလေးပဲ စဉ်းစားကြပါ၊ အဖြေတွေက
သင့်ရဲ့ လက်တကမ်းတွင်မှာပါ..။

commentinfo By: sorrower.kl at Oct 3, 2010
Comment #4

ကို SORROWER ကအရမ်းတော်ပါတယ်……………ပိုတော်သွားအောင်မေးခွန်းလေးတစ်ခုကိုအနော်စဉ်းစားမရဘူးဖြစ်နေတယ်။
စဉ်းစားပေးပါလား…………………
(40 KG ရှိတဲ့ အလေးတစ်ခုဟာ..ကျကွဲသွားပါတယ်..ကွဲသွားတော့ မတူညီတဲ့ အပိုင်းလေးပိုင်းကွဲသွားပါတယ်…မကွဲခင်တုန်းက….40 KG ပဲချိန်လို့ ရတယ်…ကွဲပြီးတော့ 
1KG ကနေ 40 KG အထိချိန်လို့ ရသွားတယ်..ပေါင်းခြင်းနုတ်ခြင်းနဲ့ ပေါ့ …..စည်းကမ်းချက်က…လေးပိုင်းရှိတဲ့ အထဲက၊တစ်ခါချိန်ရင်တစ်ခုကို၊တစ်ခါစီပဲချိန်လို့ ရပါတယ်၊လေးခုလုံးသုံးလဲရတယ်၊မသုံးလဲရပါတယ်၊……………………အဲ့ ဒီ့ အပိုင်းလေးပိုင်းရဲ့ တန်ဘိုးတွေကိုရှာခိုင်းတာပါ……………………….။ကူညီပြီးစဉ်းစားပေးကြပါ…………….အနော်…ဥဏ်မမှီလို့ ပါ…………..။အားလုံးဝိုင်းပြီးစဉ်းစားပေးကြပါ……………….။
လေးစားစွာဖြင့် ……..ROMANSPECIALIST…………….။။။။။။။။။။။

commentinfo By: ROMANSPECIALIST at Oct 3, 2010
Comment #5

ဟုတ်ကဲ့ ROMANSPECIALIST ရေ….
မေးခွန်းလေးက ကောင်းပါတယ်… ။
မေးထားတာက နဲနဲ ရှုတ်သွားသလိုပဲ၊ မေးချင်တာက 40KG ရှိတဲ့ အလေးက မတူညီတဲ့ kG တွေနဲ့
လေးပိုင်းကွဲသွားတယ်ဟုတ် ? လေးပိုင်းကွဲပြီးသွားတဲ့နောက်မှာ 1 ကနေ 40 kG အထိ
ဘယ်အလေးချိန်ကိုမဆို ချိန်လို့ ရသွားတယ်။ ဟုတ်တယ်မလား… ?

ကျွန်တော် ရတဲ့အဖြေကတော့ ကွဲသွားတဲ့ လေးပိုင်းက
1, 3, 9, 27 ပါ။ သင်ဟာ 1 ကနေ 40 KG အတွင်း ဘယ်အလေးချိန်ကိုမဆို ချိန်လို့ ရသွားပါပြီ ။ 🙂

commentinfo By: sorrower.kl at Oct 3, 2010
Comment #6

တတ်နိုင်တာလေးတွေကြိုးစားပြီးဖြေထားပါတယ်…….

(၁)ကျောက်စက်ပန်းစွဲ
(၂)ပဲ့တင်သံ
(၃)ရေ
(၄)ဂီတ
(၅)အတုအရောင်ပြုလုပ်တာပါ။

commentinfo By: zeyawin at Oct 4, 2010
Comment #7

အပါးပါး…. လက်ဖျားခါလောက်ပါပေတယ်….။ ကို zeyawin က တော့ လုပ်ချလိုက်ပြန်ပြီ။
🙂
တကယ့်ကို လေးစားပါတယ်။
ကျွန်တော် ဒီထက်ပိုတဲ့ မေးခွန်းတွေ စဉ်းစားပေးပါ့မယ်။

commentinfo By: sorrower.kl at Oct 4, 2010
Comment #8

1=အဖြေက.လက်သမားချိန်သီး
2=အဖြေက.မြန်မာပြည်မှgsmဖုန်း
3=အဖြေက.ခြင်၊အပူချိန်၊ဒိုင်းနမိုက်
4=အဖြေက.ေ၇ှာက်သီးဆေးပြားရောင်းတဲ.အခြောက်
5=အဖြေက.အာဖေး(35)

commentinfo By: nyanlynnmin at Oct 4, 2010
Comment #9

ဟားဟား 😀
ကို nyanlynnmin ကတော့ တော်တော် နောက်တယ်ဗျာ… 😀

commentinfo By: sorrower.kl at Oct 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment