Professional Authors

တနင်္လာဒိုင်ယာရီ

ဆေးထိုးအပ်ရာများနှင့်သူမ၏လက်ဖမိုးသည် သုခုမဖြစ်၏။ငါ၏ကုဗပုံဆောင်အခန်းထဲ
စကားပန်းတွေ တစ်ဘ၀စာ ပွင့်နေသည်။မင်းကတော့ ငါအမြတ်တနိုးပေးသော အရာ
ကို လျစ်လျူရှုကာနေ၏။သူတို့ မနေ့ကလိုပဲ နေ၀င်ရီတရောမှာ  ငါ့ကို လာခေါ်ကြဦးမည်။
လိုက်ဖက်တဲ့ မတူညီမှုများသာ ကမ္ဘာမှာ အသက်ဆက်နေသည်ဟု ငါထင်၏။ထင်းရှုးသား
အရောင်မှာ ပိုးကြိုးများတပ်ထားသောကြောင့် ငါ၏ညာဘက်လက်သည်းများ ချောမွေ့နေ
အောင် အမြဲ သ,နေရ၏။ရောမက မိန်းမပျက်ကို ပန်းဆိုးတန်းမှာ တွေ့ရသောအခါ အိတ်
ကပ်ထဲမှ ခြင်္သေ့များ ခုန်ထွက်သွားသည်။လိင်ကိစ္စသည် ပင်လယ်ရေဖြစ်၏။ရပ်ဝေးမှလာ
သော၊ရေမွှေးနံ့ မပြယ်သေးသော ပို့စကဒ်တစ်စောင်ကို မီးရှို့ လိုက်သောအခါ ခရမ်းပြာ
မီးတောက်များ တဖျတ်ဖျတ် ထ ပွင့်နေသည်။

In: Others Posted By: Date: Sep 19, 2010
Comment #1

ကောင်းပဗျာ….
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ နှလုံးသားဟာ…
ရေခဲရေနဲ့ ဖြန်းပက်ခံလိုက်ရသလိုမျိုး…
အိမ်မက်ထဲကနေ လန့်ဖြန့် နိုးကြားလန်းဆန်းသွားတာပဲ…..

commentinfo By: sorrower.kl at Sep 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment