Professional Authors

ပြန်လာလှည့်ပါ ကောင်မလေးရယ်

ကောင်မလေးရေ….
နွေတွေကို ကျော်ဖြတ်ဖို့
မိုးရာသီ လွန်စေဖို့
ဆောင်းလေကို အံတုဖို့
ငါ့ကို အင်အားတွေပေးလိုက်ပါနော်…….

ငါလေ…
သိပ်ကြိုက်တဲ့ ကော်ဖီတွေကို
မသောက်ပဲနဲ့လဲနေနိုင်နေပါပြီ
ခပ်ပြင်းပြင်း ROCKသီချင်းတွေလည်း
နားမထောင်တော့တာကြာပါပြီ
ပြီးတော့
ငါဆေးလိပ်လည်းမသောက်တော့ဘူး
ဒါဆိုနင် ကျေနပ်မှာလားဟင်……….

ကောင်မလေးရယ်…
ငါအရမ်းကြိုက်တဲ့ ROCKSTAR ပုံတွေခွာပြီး
နင်အရမ်းချစ်တဲ့
POOH ပုံတွေကို
အခန်းပြည့်ကပ်ထားတယ် သိလား
လာကြည့်လှည့်ပါလားဟာ…..

ကောင်မလေးရေ…..
နောင်တတွေတသီကြီးနဲ့
ငါနေလို့မရအောင်လွမ်းနေတယ်ဆိုတာ
နင်သိခဲ့ရင်
ပြန်လာလှည့်ပါနော်……..

In: Others Posted By: Date: Sep 1, 2010
Comment #1

တကယ်လိမ္မာသွားတာလား ? ကောင်မလေး ပြန်လာပါစေ…… အနက်ရောင်ဆီကို။

commentinfo By: moezat at Nov 12, 2010
Comment #2

ကျေးဇူးပါဗျာ
🙂

commentinfo By: anatyong at Nov 20, 2010
Comment #3

မြန်မြန်ပြန်လာပါစေနော်

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #4

အရမ်းမိုက်တယ်ဗျာ
ကဗျာတွေကတော့
အားပေးနေတယ်နော်
အချိန်တိုငိး

commentinfo By: ထက်လေး at Jan 11, 2012
Comment #5

ကောင်းတယ်ဗျာအားပေးနေတယ်အကို့
နောက်ထပ်များများလေးရေးနိုင်ပါစေ

commentinfo By: ၇န်လေး at Jan 12, 2012
Comment #6

good luck

commentinfo By: ei lay at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment