ခံစားမှု
ငါ ဒီ site ထဲမှာ post တစ်ခုတင်ဖို့ စဉ်းစားမိတယ်..
ဘာရမယ်မဟုတ်ပါဘူး..စိတ်ညစ်နေလို့လည်းပြောရမှာပေါ့နော်
လူတွေမှာ အဆိုးနဲ့အကောင်းဒွန်တွဲနေကြတယ်.. အဆိုးကြုံရပြီးရင် အကောင်းလာမယ်တဲ့လေ.. ဒါပေမယ့် ငါအတွက်တော့ မှားနေသလိုပဲ.. ငါဘ၀ငါ့အဖြစ်အပျက်တွေမှာ.. ခံစားရတာတွေဟာ အကောင်းကနဲနဲ အဆိုးက များပြားလှပါတယ်.. အရင်ဘ၀ကပေးတဲ့ ကံကြောင့်များလား.. ဒီဘ၀မှာတော့ ငါသူများအပေါ်ကို မကောင်းစိတ်မထားပါဘူ.. ပုထုဇဉ်ဆိုတော့လည်း အရာအားလုံးကိုတော့ သည်းခံနိုင်စွမ်းတော့မရှိဘူးပေါ့
အချစ်ကိုရော ငါဘယ်လောက်များ နားလည်သလဲလို့ တခါတခါမေးမိတယ်
အချစ်ကရော ငါကိုဘယ်လောက်ထိ နားလည်ပေးနိုင်သလဲ
ငါ ရခဲ့တဲ့အချစ်က ပေးဆပ်ရတာများနေသလိုပဲ
ငါ စိတ်ပင်ပန်းတဲ့အချိန်
ငါ မပျော်တဲ့အချိန်
ငါ တောင့်တတဲ့အချိန်
ရောက်မလာခဲ့ပါဘူး
မျက်ကွယ်ပြုပြီး လမ်းဆက်လျှောက်ဖို့ဆိုတာလည်း…ဖြစ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေကလည်းငါ့ခေါင်းထဲမှာပြည့်နှပ်နေတယ်
ငါ သူကိုရော ဘာကြောင့်ချစ်ခဲ့တာလဲ
ဘာကြောင့်ငါ နားလည်ပေးသလောက်ငါ့ကိုနားလည်မပေးနိုင်ရတာလဲ
ချစ်ခဲ့ကြတဲ့နှစ်တွေလည်းများလှပါပြီ……..ဒါပေမယ့် အထာမကျနိုင်မှုတွေနဲ့ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တင်းမာလှပါပြီ
ငါ သဘောကျတဲ့ သီချင်းလေးရှိတယ်…ရဲလေးရဲ့ နတ်သမီးသီချင်းပေါ့
သီချင်းထဲ ကလို ချစ်ခံရတဲ့ မိန်းကလေး ကိုအားကျမိတယ်….
ငါ ဘယ်လောက်ထိရှေ့ဆက်လျှောက်ရမလဲ.မရေရာမှုတွေနဲ့ပါ




11611 masterpieces
34801 comments
3728 members
974 pc authors
Comment #1
အတူတူပါပဲ..ခံစားရတာလေ…