Professional Authors

ငါ့ရင်ထဲက နွေ

နွေ……….
ရေဘယ်လောက်သောက်သောက်
အပူမပြေ
ငါ့ရင်ထဲကနွေ………….

နွေ……….
အခုဆို ခြောက်နှစ်တောင်ကြာပေါ့
မမေ့နိုင်တာ အပြစ်ဆို
သေဒဏ်သာပေးလိုက်ပါ နွေ
ဆန္ဒတစ်ခု
ငါ့ရင်ထဲရှိတာကြာခဲ့ပြီ
လေထဲတိုက်ဆောက်
နွေနဲ့အတူနေချင်တာ
ဖြစ်နီုင်တာကို တမ်းတတာပါနွေ………….

နွေ…………..
အပူချိန်တွေအရမ်းပြင်းလာလို့
ကမ္ဘာပျက်တော့မယ်တဲ့
ငါမကြောက်ဘူးနွေ
ဘာလို့ဆို
ငါ့ကမ္ဘာပျက်ခဲ့တာကြာပေါ့…….

နွေ………..
တကယ်လို့များ
တနေရာရာက ဒီအကြောင်းတွေ
နွေသိခဲ့ရင်
ငိုနေမှလား
ဒါမှမဟုတ်
သတ္တိမရှိခဲ့တဲ့ ငါ့ကို
လှောင်နေမှာလား နွေ
ဘာပဲဖြစ်ဖြစ်
ငါကျေနပ်နေမှာပါနွေ
ဘာလို့လဲဆို
တကယ်သတ္တိရှိခဲ့တယ်ဆိုတာ
ငါပဲသိခဲ့တာပါ နွေ…………….

In: Others Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment