Professional Authors

လွတ်မြောက်သူ

မနက်ခင်းငှက်တေးသံမကြားရတာကြာပြီလေ
ဒါပေမယ့် ညတိုင်း
ခုနှစ်စင်ကြယ်အမြီးထောင်တာတော့ကြည့်ဖြစ်တယ်
ကြည့်ချင်လို့မဟုတ်ဘူး အိပ်လို့မရလို့ပါ
ထမင်းလား
မသိပါဘူး စားဖြစ်လား မစားဖြစ်လားဆိုတာ
ရေ……အင်း မိုးရွာရင်တော့တခါတလေ ချိုးဖြစ်ပါတယ်
အသိတွေလား တစ်ယောက်မှ မမှတ်မိတော့ဘူးဗျ
နေတာလား မသိဘူးဗျ
တခါတလေ လေအရမ်းတိုက်တယ်
တခါတလေ ကားသံတွေနဲ့ဆူညံနေတာပဲ
တခါတလေ မီးရထားသံတွေကြားရတယ်
ဘာ….လိုချင်တာတစ်ခုတောင်း ဟုတ်လား
အင်း……………
ကျွန်တော့်ကို ဒီကထွက်သွားခွင့်ပြုပါနော်……………………..

In: Others Posted By: Date: Jul 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment