Professional Authors

သား အခု နိုင်ငံခြားမှာ အမေ

အမေ
သားကို သူတို့ ကအမေ့လို မကြင်နာကြဘူး
အမေ
သားကိုသူတို့ က အမေ့လို မစာနာကြဘူး
အမေ
သားကို သူတို့  က အမေ့လို မညှာတာကြဘူး
အမေ
သားကို သူတို့ က အမေ့လို ခွင့်မလွှတ်ကြဘူး အမေ
အမေ
သားလေ အမေ့ကို ကိုယ်ပိုင်အိမ်လေးနဲ့ 
အမေစိတ်ချမ်းသာစွာ နေနိုင်ဖို့  သားစွန့် စားခဲ့တာလေ
ဒါပေမယ့်
အမေက
ငါ့သားကို အိမ်တဆောင်မီးတပြောင်
မပေးနိုင်လို့  အမေ စိတ်ဆင်းရဲနေရတယ်ဆိုတာ
သားမသိခဲ့ဘူး အမေ
အမေ
ပျိုမြစ်ခြင်း တွေ ရင်း
ဆန္ဒတွေကိုရင်း
အာသီသတွေရင်း
အိမ်မက်တွေကိုခင်း
သားတို့  အနာ ဂါတ်ကို
အမေ….. တပ်ခဲ့တယ်
(အတောင်ပံတွေပေါ့)
ဒါပေမယ့် အမေရယ်
သားကတော့ အခု
အမေ့ လက်ရာကို လွမ်းနေတယ်……….

In: Others Posted By: Date: Jul 15, 2015
Comment #1

ကဗျာလေးကောင်းပါတယ်
အ မေ့  ဆန္ဒကို သိချင် မိတယ်
သူပြန်လာစေချင် ရှာမလားလို့ 

commentinfo By: Nothing Special at Jul 29, 2015
Comment #2

🙂 သတိရတယ်​ anatyong . . ​နေ​ကောင်း ကျန်းမာ ​ပျော်​​အောင်​​နေ ပါ. . .

commentinfo By: အသဲကွဲ မိုး at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment