Professional Authors

ဘ၀ဆိုတဲ့ စာမျက်နှာ

ဘ၀ဆိုတဲ့ စာမျက်နှာ —- နိုင်းနိုင်း (စနေ) …From Wisdom Magazine (Vol.1 No.6)

“တွေးတောချင့်ချိန်နေတတ်သူတွေဟာ စာတမ်းတစ်အုပ်နှင့်တူတယ်”

လူ့ဘ၀မှာ အရေးပါတဲ့အချက်နှစ်ချက်ရှိတယ်။ တစ်အချက်က လူကြည့်တာနှင့် နှစ်အချက်က လူလုပ်တာဖြစ်တယ်၊ လူကြည့်တယ်ဆိုတာ စာဖတ်တာနှင့်တူပြီး လူလုပ်တယ်ဆိုတာ စာရေးတာနှင့်တူတယ်။
ရှင်းရှင်းပြောရရင် လူဖြစ်အောင်သင်ယူတာနှင့် လူ့ဘ၀ကို ဘယ်လိုရေးစပ်ခြယ်မှုန်းမယ်ဆိုတာ ဖြစ်တယ်။ လူရဲ့ အပြင်ပန်းသဏ္ဍန်ဟာ စာအုပ်တစ်အုပ်ရဲ့အဖုံးဖြစ်ပြီး လူရဲ့အတွင်းစိတ်ဟာ စာအုပ်တွင်းထဲမှာပါတဲ့ အကြောင်းအရာ ဖြစ်တယ်။
လူတစ်ချို့မှာ ကောင်းမွန်တဲ့အဖုံးပါသလို အတွင်းစာသားတွေကလည်ျးပ်မက်စရာကောင်းတယ်၊ လူတစ်ချို့မှာတော့ အဖုံးရော အတွင်းစာသားပါ ကြမ်းတမ်းယုတ်နိမ့်တယ်။ တစ်ချို့ရဲ့ အဖုံးက ဆွဲဆောင်မှုမရှိ၊ မခံ့ညားပေမဲ့ အတွင်းစာသားက ကြီးကျယ်မြင့်မြတ်တယ်၊ တစ်ချို့ရဲ့ အဖုံးက လက်လက်တောက်ပေမဲ့ အတွင်းစာသားက မြင်မကောင်း ရှုမပျော်ဖြစ်တယ်။
လူကောင်းဟာ စာအုပ်ကောင်းတစ်အုပ်နှင့်တူတယ်၊ ရှေ့စာမျက်နှာကိုဖွင့်လိုက်တာနှင့် သင်းပျံ့မွှေးကြိုက်တဲ့ ရနံ့တွေ လွင့်ပျံထွက်လာတယ်၊ မကောင်းတဲ့လူက ဖျတ်ခနဲ တစ်ချက်ပဲကြည့်တဲ့ စာအုပ်နှင့်တူတယ်၊ ရှေ့စာမျက်နှာကိုဖွင့်လိုက်တာနှင့် အနံ့ဆိုးတွေကို ရှုရှိုက်မိတယ်၊
ပေါ့ပေါ့ပါးပါး အံဝင်ခွင်ကျနေတတ်သူတွေဟာ စကားပြေတစ်အုပ်နှင့်တူတယ်၊ အမြဲစိတ်ညစ်၊ စိတ်ထိခိုက်လွယ်သူတွေဟာ လွမ်းလွမ်းဆွေးဆွေး ကဗျာတစ်အုပ်နှင့်တူတယ်၊ အကောင်းမြင်၊ ပျော်ပျော်ပါးပါးနေတတ်သူတွေဟာ ဟာသတစ်အုပ်နှင့်တူတယ်၊ တွေးတောချင့်ချိန်နေတတ်သူတွေဟာ စာတမ်းတစ်အုပ်နှင့်တူတယ်၊
အဖုံးလှပအောင် မလုပ်ပေးခဲ့လို့ဆိုပြီး အမေ့ကိုအပြစ်မမြင်ပါနဲ့။ လှပတဲ့ သရုပ်ဖော်ပုံတွေ ထည့်မပေးလို့ဆိုပြီး အဖေ့ကို အပြစ်မဆိုပါနဲ့။
သင့်ဘ၀စာအုပ်ကို သင်ကိုယ်တိုင်ရေးယူမှရတယ်၊ သင့်ရဲ့အင်အား၊ သတ္တိ၊ ချွေး၊ သွေး၊ အသိဥာဏ်တွေကိုသုံးပြီး ရေးရပါမယ်၊ ဘ၀တစ်ခုလုံးကိုရေးခဲ့လည်း အပြောင်မြောက်ဆုံး သင်ရေးချင်မှ ရေးနိုင်လိမ့်မယ်။ ဘ၀တစ်သက်ရေးခဲ့လည်း သင်နာမည်ကြီးချင်မှ ကြီးလိမ့်မယ်။ ဒါပေမဲ့ ဒီအတွက် စိတ်ဓါတ်ကျပြီး အပေါစားလို့မသတ်မှတ်လိုက်ပါနှင့်။
ရေးခဲ့သမျှ ဘယ်သူမှ မဖတ်ခဲ့လည်း စာမျက်နှာတိုင်းကို သင်တန်ဖိုးထားရမယ်။ တာဝန်သိတတ်ရမယ်။
လူလုပ်တယ်ဆိုတာ စာရေးတာနှင့်တူတယ်။ တကယ်လို့လူတွေက သင့်ကိုနှစ်နှစ်သက်သက် ဖတ်ရှုခဲ့မယ်ဆိုရင် ဒါဟာအကြီးမားဆုံးပျော်ရွှင်ခြင်းဖြစ်တယ်။ တကယ်လို့ လူတွေက သင့်ကို စွဲစွဲမက်မက် အလွတ်ကျက်ရွတ်ဖတ်ခဲ့မယ်ဆိုရင် သင့်ရဲ့ကြီးမြတ်တဲ့ ဂုဏ်သရေ ဖြစ်တယ်။

In: Others Posted By: Date: Apr 9, 2013
Comment #1

🙂

commentinfo By: ei lay at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment