Professional Authors

poemscorner မှ ကဗျာဝါသနာရှင်များအား သိစေလိုခြင်း

ကျွန်တော့် ရဲ့ ပဲ့တင်သံတွေရှိတဲ့အရပ်မှာ ငါနေတယ် အန်ဂျလာ ၁ နှင့် ၂ အား ရွှေမြို့ တော်ဆိုဒ်တွင် တွေ့ ရပါသည်
ကျွန်တော်သည် ကျွန်တော်၏ ကဗျာများအား poemscorner မှ လွဲ၍ မည်သည့်ဆိုဒ်တွင်မှ မတင်ပါ
ကျွန်တော်၏ ကဗျာကို ယူ၍တင်သူသည် ကဗျာ၏ အောက်ဆုံး တွင် လမင်းဇော်ဟူသော နာမည်ကို ပေးထားသော်လည်း post name မှာ သူ၏နာမည်ဖြစ်နေပါသည်။ အန်ဂျလာသည် ကျွန်တော်နှင့်လွဲ၍ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါ။ ကျွန်တော်ရေးခဲ့သော အန်ဂျလာကဗျာများသည် ဖြစ်ရပ်မှန်များသာ ဖြစ်ပြီး ကျွန်တော်နှင့်သာ တိုက်ရိုက်သက်ဆိုင်ပါသည်။ သို့ ဖြစ်ပါ၍ ကျွန်တော်၏ ကဗျာများအား တခြားဆိုဒ်များတွင် တွေ့ ရပါက ကျွန်တော့် ကဗျာများကို (ကျွန်တော့်အားအသိမပေးဘဲ ) ယူသုံးသွားသည်ဟုသာ သိပေးပါရန် ။  အောက်က Link တွင် ၀င်၍ ကြည့်နိုင်ပါသည်။ အချိန်အကုန်ခံ၍ ၀င်ရောက်ကြည့်ရှုပေးကြပါသော ကဗျာဝါသနာရှင် အကို အမ များအား ကျေးဇူးတင်ပါသည် ။
http://www.shwemyotaw.com/forum/topics/5442636:Topic:6191456
http://www.shwemyotaw.com/forum/topics/5442636:Topic:6191946?xg_source=activity

In: Others Posted By: Date: Apr 9, 2013
Comment #1

တကယ် စိတ်မကောင်းဘူးဗျာ အဲဒါမျိုးတွေ အခုနောက်ပိုင်းကြားရတာများလာတယ်

ကိုယ့်ခံစားချက်အစစ်တွေကို ဒီနည်းလမ်းမျိုးနဲ့ လုပ်ကြတာ တကယ်ရင်နာစရာကောင်းတယ်

commentinfo By: နိုးဆက် at Apr 9, 2013
Comment #2

အသိပေးပြီး ခွင့်ပြုချက်ယူသင့်တယ်
ခွင့်လွှတ်လိုက်ပါ .. ကိုယ့်ရဲ့ အရေးအသားတွေက ကောင်းလွန်းနေလို့ သူများတောင် ယူသုံးရတယ်မဟုတ်လား ..

commentinfo By: maypyo22889 at Apr 9, 2013
Comment #3

ကျွန်တော် ကဗျာတင်တဲ့လူကို ခွင့်လွတ်ပါတယ်။ ဒါပေမဲ့ ဒီကဗျာဟာ သူရေးပါတယ်လို့ ပြောထားတာကို ကျွန်တော် လက်မခံချင်တာပါ။ အန်ဂျလာ ဟာ တစ်ချိန်က ကျွန်တော့်ချစ်သူပါ။ သူနဲ့မသက်ဆိုင်ပါဘူး။ အန်ဂျလာကဗျာမှန်သမျှ ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားပြီးရေးခဲ့တာပါ။ ကျွန်တော်ဟာ professional တစ်ယောက်မဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာတစ်ယောက်လို့ ခံယူထားသူပါ။ကျွန်တော် ရေးကြီးခွင်ကျယ် လုပ်နေတယ်လို့ လူတွေ မြင်ချင်မြင်ပါလိမ့်မယ်။ကျွန်တော် တော်တော်လေး ဝမ်းနည်းခဲ့ရလို့ ပါ။ အခုလို အကြံပေး အားပေးသွားတဲ့ ကိုနိုးဆက် နဲ့ မမေပျိုကို ကျေးဇူးတင်ပါတယ်

commentinfo By: လမင်းဇော် at Apr 10, 2013
Comment #4

ဝမ်းနည်းတယ်ဆိုတာထက် မခံသာဘူးဆိုတာ နားလည်ပါတယ် ကိုလမင်းဇော်
ကိုယ့်လိပ်ပြာကိုယ်လုံနေတဲ့အတွက် အမှားတွေကိုခွင့်လွှတ်ပေးနိုင်တယ်လေ .. ကောင်းတဲ့ဆုံးဖြတ်ချက်ပါ

commentinfo By: မေပျို at Apr 10, 2013
Comment #5

အဆင်ပြေရင် The Words ဇာတ်ကားကို ကြည့်စေချင်တယ်ဗျာ
စာရေးဆရာ တစ်ယောက်ရဲ့ သူ့စကားလုံးအပေါ်မှာ ချစ်မြတ်နိုးမှုကို အမှန်အကန် မြင်ရပါလိမ့်မယ်
ဒီကားကို ကြည့်လိုက်လို့ သူငယ်ချင်းတို့ရဲ့ အချိန် အလကား ကုန်လေခြင်းလို့ မတွေးမိစေရဘူးလို့ အာမခံပါတယ်ဗျာ

commentinfo By: makebelieve at Apr 11, 2013
Comment #6

အင်း၊ ဟုတ်တယ် လမင်းဇော်၊ တချို့တွေက တခြားသူ ရင်နဲ့ရင်းပြီး ရေးသားထားတဲ့ ကဗျာ၊ အက်ဆေး၊ ၀တ္ထု စတာတွေကို ကာယကံရှင်တွေက ဘယ်လောက် တန်ဘိုးထား မြတ်နိုးကြတယ်ဆိုတာကို သိထားသင့်တယ်၊ လူတစ်ယောက် ဖန်တီးလိုက်တဲ့ အနုပညာတစ်စက်ဟာ တခြားသူအတွက် တန်ဘိုးမရှိနိုင်ကောင်း ဖြစ်နိုင်ပေမယ့် ကာယကံရှင်အတွက်တော့ အဖိုးတန်တွေချည်းပါပဲ ။ 🙂

မတွေ့တာ ကြာပြီနော် လမင်းဇော်၊
အစစ အဆင်ပြေရဲ့လားဟင် ?

ခင်မင်မှုဖြင့်

အမ
ပန်းအိ

commentinfo By: pannei at May 14, 2013
Comment #7

စိတ်မကောင်းပါဘူးဗျာ

commentinfo By: winkokonaing at May 23, 2013
Comment #8

ကျွန်တော် ဝင်ကြည့်ခဲံပါတယ်ဗျာာာာာာ..၊ အဲ့ ဒီရွှေမြို့တော် ဆိုက်က သူတော်တော် များများက ဒီအကျင့်ပဲလို့ ယူဆရမယ်..၊ ကျွန်တော် အကုန်လုံးလို့ ထည့်မပြောလိုပါဘူးးးးးးး၊ ဘာလို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော် နဲ့ ပြသနာ တက်ခဲ့ဖူးတယ်…၊ အဲ့ဒီ ဆိုက်မှာ လွမ်းသူမေဆိုတဲံ ချာတိတ်မလေး တစ်ရောက်က ကျွန်တော့်ကဗျာတွေ တော်တော် များများကို ကူပြီးတင်ထားတယ်လေ…၊ ရေးတော့ သူ့နာမည်နဲ့ ပါ…၊ ခံရခက်တယ်…၊ ကျွန်တော် က ကျွန်တော့် နာမည် မတပ်ပဲ တင်တာ စိတ်မကောင်းဖြစ်ကြောင်းပြောပြတော့ ကိုယ့်ကဗျာ မဟုတ်ပဲ ဒီလိုပြောတာဟာ သူ့ကို ထိခိုက်စေတယ်ပေါ့ဗျာာာာာာ၊ ကျွန်တော် စ ပြီး တွေ့တာကတော့ သိပ်ချစ်လို့ ဆိုတဲံ ကဗျာကနေစပြီးတွေ့တာပါ လိုက်ကြည့်လိုက်တော့ တခြားကဗျာတွေပါ တွေ့နေရတယ်….၊ ကျွန်တော်သေသေချာချာ ပြန်ပြောလိုက်ပါတယ်။ Poemscorner မှာ ကျွန်တော် တင်တဲံ Post Date တွေကို လင့် နဲ့ ပြပြီးအပီကော တော့မှ ကဗျာတွေ အကုန် ပြန်ဖျက်သွားးတယ်..၊။

အခုလည်း ဒီလိုပါပဲ..၊ ကျွန်တော် ဝင်ကြည့်လိုက်တော့ ကဗျာ အောက်မှာတော့ လမင်းဇော် လို့ တပ်ထားပေမယ့် Comment တွေမှာ သူ့ကဗျာ လိုလို ရေးးထားတာတွေတွေ့ပါတယ်…၊
ကို လမင်းဇော် နေရာကို ကိုယ်ချင်းစာပါတယ်ဗျာ၊

ကဗျာတွေကို ခံစား အားပေးနေပါတယ်…၊။

(အရိပ်)

commentinfo By: zawthetoo at May 23, 2013
Comment #9

ဒီလိုဆို တော်တော်ဆိုးရွားတဲ့ခေတ်ပဲပေါ့
လမင်းဇော်နေရာမှာ အစ်မသာဆိုလည်း ခံပြင်းမှာပဲ
နည်းပညာတွေ တိုးတက်လာတော့ ကောင်းတာရော ဆိုးတာရော ရင်ဆိုင်ရတယ်
ဘာပဲဖြစ်ဖြစ်ပါ
မောင်လေးဘက်က ဘက်တော်သားများ ကဗျာရွာမှာရှိနေပါတယ်

commentinfo By: မေပျို at May 23, 2013
Comment #10

အန်ဂျလာကိုမှအခိုးခံရတာ ဆိုတော့ တော်တော်လေးကို စိတ်ထိခိုက်စရာကောင်းပါတယ်ဗျာ… ကျွန်တော့မိသံလွင်တောင်အဲမှာတွေ့တယ်…ဟာသဆိုပြီးနာမည်တပ်ထားတယ်…ရယ်ချင်လိုက်တာ…ကျွန်တော်စိတ်ညစ်ရမဲ့အစား ရယ်ပြီးပြန်ထွက်ခဲ့လိုက်တယ်… တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ လုပ်ရပ်တွေနဲ့ website လို့သိပီးကတည်းက အဲဒါနဲ့ပါတ်သက်ပြီး သိပ်မခံစားတော့ဘူး…. ကိုလမင်းဇော်ရေ နှလုံးသားခိုးခံရတာကို စာနာပါတယ်ဗျာ… အဲ့ဒါကြောင့်ကဗျာတွေဆက်မတင်တော့တာဆိုရင်တော့ ကျနော့ကံဆိုးမှု ပါပဲ…

အားပေးလျက်

commentinfo By: 13th at May 23, 2013
Comment #11

ဆရာ မင်းလူ ရဲ့ ကဗျာ တစ်ပုဒ်ကို လူတစ်ယောက်က ရေးပြီး
ကဗျာအောက်မှာ မင်းလူ လို့ ရေးထားပါလျက်
သူ အဲဒီကဗျာကို facebook ပေါ်တင်ရင် သူ့ မှာ အပြစ်ရှိလား
.
ကဗျာတင်တိုင်းကဗျာဆရာ မဟုတ်ပါဘူး
ဝါသနာရှင်တွေလည်း ရှိပါတယ်
အနုပညာဆို ကိုယ်တစ်ယောက်တည်း ခံစားနေရင်
မပြည့်စုံဘူး
မျှဝေခံစားခိုင်းလိုက်ပါ 🙂
………………ချမ်း

commentinfo By: အဖြူရောင် ရင်ခွင် at Jun 27, 2014
Comment #12

ဘယ်သူများလဲ မှတ်တယ် ငါ့အချစ်ကြီးပါလား… နေဦး… ငါက ဒါမျိုးဆိုသိပ်ပြောချင်တာ… နည်းနည်းတော့ သတိပေးရမှာပေါ့…

commentinfo By: Meaningless at Jun 27, 2014
Comment #13

အစ်ကိုလမင်းဇော် .. စိတ်မကောင်းပါဘူးဗျာ အခုလိုကြားရတာ
ဘာပဲဖြစ်ဖြစ် ကဗျာတွေတော့ဆက်ရေးပါ အဲ့Case ကြောင့်တော့ ကဗျာရေးတာကိုမနားလိုက်ပါနဲ့
သူ့အကျိုးပေးနဲ့သူသွားမှာပါ ~
ကျွန်တော် X-ray ပါ မရောက်တာကြာတဲ့ကဗျာရွာလေးကို ခဏအလည်လာရင်း အစ်ကို့စာလေးတွေ့လို့ comment ဝင်ပေးတာပါ ~

commentinfo By: X - ray at Jun 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment