Professional Authors

ဂု တ်ြ ကား

ဂုတ်ကြား  ဟာ      အမဲကွက်ကွက် အဖြူတစ်စက်နှစ်စက်နဲ့ လျောက်သွားနေတဲ့ ကောင်ဖြစ်တယ်

ဂုတ်ကြား  ဟာ      ရပ်ကွက်ထဲမှာ ဟိုရောရော သည်ရောရော ဖောရှော လုပ်ပြီး                     

                          ရောယောင်လာရောက်နေထိုင်နေတဲ့ကောင်ဖြစ်တယ်

ဂုတ်ကြား  ဟာ      အရွယ်မတိုင်ခင်ကတည်းက ဂုတ်မကြားတဲ့ အပျိုများ ဆိုလို့ ကတော့ ရေမရောပဲ   

                          ကြိုသောက်ပြစ်ချင်နေတတ်သူဖြစ်တယ်

ဂုတ်ကြား  ဟာ      ရန်ပွဲတိုင်းမှာ ဘယ်တော့မှ လက်သီးသုံးမဖြေရှင်းဘူးလို့  တရားဝင်ကြေငြာထားသော်လည်း
                          တဖက်သူက အမြဲလိုလို လဲကျအထိနာရတယ်

ဂုတ်ကြား မှာ        ဂုတ်ကြား လို ဂုတ်ကြား တွေရယ်
                         ဂုတ်မကြားတဲ့ ဂုတ်မကြားတကြား ကောင်တွေရယ် အုပ်စုလိုက်ရှိတယ်

ဂုတ်ကြား မှာ        ဂုတ်ကြားစစ်စစ်ဖခင် , ဂုတ်ကွက်တိကွက်ကြား မိခင် , ဂုတ်မကြားတဲ့ ဇနီးနည်းနည်း , ဂုတ်ကျားတားတား  

                         ကလေးတွေရယ် ရှိတယ်

ဂုတ်ကြား မှတ်မိသလောက် ပြောပြရရင်

ဂုတ်ကြား ငယ်ငယ်က ဂုတ်ကြားဆင်တူတွေ တအားနည်းတယ်
ဂုတ်ကြား ဘယ်သွားသွား အများကြားထဲမှာ ဂုတ်ကြားက တကောင်တည်းလိုလို မို့  အမြဲ အားနည်းနေသလိုလို
ဂုတ်ကြား တို့  (ခု) နေတဲ့ နေရာမှာ

ဂုတ်ကြား ကို ဂုတ်ကြား လို့  (ဆိုပြီး)  အထူး သနား စာနာ ပေးတဲ့ ဂုတ်မကြားစစ်စစ်တွေ ရှိတယ်

ဂုတ်ကြားအဖေဆို အဲ့ ဂုတ်မကြားစစ်စစ်တွေကို အားကြီးလှောင်ရယ်တာပဲ – နောက်ကွယ်မှာ

ဂုတ်မကြားစစ်စစ်တွေက ဘယ်လောက်ပဲ ဂုတ်ကြားအပေါ် စာနာသနားပါစေ
ဂုတ်ကြား ကတော့ ဂုတ်ကြား များပြားရေးကိုသာ အထူး ဂရုပြု ရှေးရှု အာရုံစိုက်ခဲ့တယ်

ဂုတ်မကြားစစ်စစ်တွေကြောင့်လို့  ပဲ ပြောရမှာပဲ

ဂုတ်ကြား သိပ်ကြိုးပမ်းလိုက်စရာမလိုပဲ

ဂုတ်ကြား ပေါက် ၊ ဂုတ်ကြားဆင်တူ တွေ တအားပွားလာခဲ့တယ်

ဂုတ်ကြား များလာတာနဲ့အမျှ ဂုတ်ကြားတို့  တအား အပါး “၀” လာတဲ့ အပေါ်
ပညာပေးဆုံးမချင်နေတဲ့ ဂုတ်မကြားစစ်စစ်တွေ လည်း ကျိုးတို့ ကျဲ တဲ ရှိလာတယ်

ဂုတ်ကြား က အေးချမ်းပါတယ် – ဂုတ်ကြားကို ရန်ပြုလာတဲ့ ဂုတ်မကြားစစ်စစ်တွေ နဲ့
ဂုတ်ကြား ကို ဂုတ်ကြား မို့  သနားနေဆဲ ဂုတ်မကြားစစ်စစ်တွေနဲ့ “တေ့” ပေးလိုက်ယုံပဲ

ဂုတ်ကြားက – ဂုတ်မကြားစစ်စစ်တွေ အချင်းချင်းကိုက်ဖြတ်သတ်လုပွဲတွေမှာ ဆို မင်းသားပဲ
                   ဂုတ်ကြား မျက်ရည်ကျ ပလိုက်ယုံနဲ့ ဂုတ်ကြားကို ဒဏ်ရာရှာ လာကုသပေးမယ့်
                   ဂုတ်မကြား ကယ်ဆယ်ရေး အဖွဲ့ တွေ များကြီးကိုလည်း ပိုင်ဆိုင် ထားတယ်လေ

ဂုတ်ကြား ဟာ – အပါးတအား “၀” လို့  သွေးတအား ဆာနေကြတဲ့ ဂုတ်မကြားစစ်စစ်တွေ အတွက်
                     နေ့ စဉ်နေ့ စဉ် သတင်း နားထောင်ရင်း ကျန်းမာနေဆဲ

ဂုတ်ကြား မှာ – အပူအပင်ဆိုတာ လုံးဝ မရှိဘူး

ဘာလို့ လည်း ဆို

“ဂုတ်ကြား ကို ဂုတ်ကြားမို့  အထူးသနားစာနာတတ်ပြီး ဂုတ်ကြားဘက်က ပြေးတိုက်ပေးမယ့်
ဂုတ်မကြားစစ်စစ်တွေ ….. အပုံအပင် ရှိနေဦးမှာ သေချာလို့ ပဲ “

(ဘာပဲဖြစ်ဖြစ် ဂုတ်ကြား က တော့ ဂုတ်ကြား ပါပဲ … ဂုတ်ကြား ဟာ ဂုတ်ကြား အတွက် တော့ အမြဲ ဂုတ်ကြားခဲ့ပါတယ်)

In: Others Posted By: Date: Mar 29, 2013
Comment #1

ဂုတ်ကြား ကဗျာ လေးဟာ ဂုတ်ကြား ဆိုတဲ့ ဂုတ်ကြား စစ်စစ် အကြောင်း ဂုတ်ကြားဆိုပြီး ဂုတ်ကြားထားတာ မလား . . ( just kidding ) တစ်ကယ်ပါ . . အဲ့လို ပုံစံလေး တွေရေးတဲ့သူ တော်တော် နည်းသွားတယ် ၊ အခု ပြန်ဖတ် ရလို့ . . ကျေးဇူးတင်ပါတယ် ဗျာ

commentinfo By: fridayofpoem at Mar 30, 2013
Comment #2

ကျွန်တော် ဂုတ်ကြား ကဗျာ မှာ ဂုတ်လာကြားမယ့်သူကို မျှော်နေမိတာဗျာ
တကယ်ကျေးဇူးပဲ ကို fridayofpoem

commentinfo By: အသဲကွဲ မိုး at Mar 31, 2013
Comment #3

အင်း ဘယ်လိုလေးပါလိမ့်နော်

commentinfo By: မေပျို at Mar 31, 2013
Comment #4

အင်း။ ဂုတ်ကြား လာဖတ်သွားပါတယ်ဗျာ

commentinfo By: အောင်မော်ဟိန်း at Mar 31, 2013
Comment #5

မှန်လိုက်တာဗျာ ကျွန်တော်လည်း အရမ်းသဘောကျတယ် ခင်ဗျားပြောသလို သူတို့ကတော့ ရှိနေဦးမှာပဲဗျ သူတို့က ဂုတ်ကျားတွေကိုးးးးးးဗျ

commentinfo By: လူစိမ်း at Apr 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment