Professional Authors

Poemscorner မှ မောင်နှမများကို သတိပေးလိုခြင်းနှင့် Poemscorner ကို အားပေးကြပါသော ပရိတ်သက်များကို မေတ္တာရပ်ခံလိုခြင်း…..

ကေ poemscorner မှ မောင်နှမတွေအားလုံးကို ကေ့လိုခံရမှာ စိုးလို့ သတိပေးလိုက်တာပါ
(ကေ ဒီဆိုဒ် ထဲမှာ ကေသရီ ဆိုတဲ့ နာမည်နဲ့ 25 Sep 2010 ကတည်းက ရှိခဲ့တာပါ….. ကေ့ရဲ့ Ex-Boyfriend က ကေ့ကဗျာတွေကို ဖတ်ပြီး ပြသနာရှာတတ်လို့ Mar 27 2011 မှာ အလွမ်းဆိုတဲ့ ကလောင်နဲ့ တခြားကဗျာတွေ ရေးခဲ့ပါတယ်….။)
ကေက အလွမ်း …အလွမ်းက ကေသရီဆိုတာ မိုး(မအသည်းကွဲမိုး)နဲ့ ရဲမင်း(poem.poem28)တို့လည်း သိပါတယ်….။
ဒါပေမယ့် ဘာက ဘယ်လို ဖြစ်သွားမှန်း ကေ နားမလည်လိုက်ပါဘူး
ကေ့ကဗျာတိုင်းရဲ့ အောက်က ကလောင်နေရာမှာ ကေသရီ ဆိုတဲ့နာမည်အစား အကောင့်စဖွင့်ဖွင့်ချင်းတုန်းက မပြောင်းရသေးတဲ့ Kaythari ဆိုတာ ပြန်ပြောင်းသွားပြီး အလွမ်းဆိုတဲ့ နာမည်နဲ့ ရေးတဲ့ ကဗျာတွေမှာလည်း အကောင့်စဖွင့်တုန်းက သုံးထားတဲ့ User Name Angle လို့ပြန်ပြောင်းနေတာ တွေ့ရပါတယ်….။ကေ Profile ထဲ ဘယ်လိုဝင်ပြင်ပြင် Select an author မှာသာ မြန်မာလို နာမည်ပေါ်လာပေမယ့်……ကဗျာစာကြောင်းအောက် By နေရာမှာက မပြောင်းပါဘူး…။
ဒါပေမယ့် ဒါက အရေးမကြီးပါဘူး….ကိုယ့်ကဗျာက ဖတ်လို့ကောင်းနေရင် ဒီဆိုဒ်က မောင်နှမတွေက အားပေးမှာပဲလေလို့ တွေးပြီး ဒီလိုပဲနေလာရင်း Women’s World ဆိုတဲ့ ဂျာနယ်မှာ အလွမ်းဆိုတဲ့ ကလောင်နာမည်နဲ့ ၀တ္ထုတိုလေးတွေ ထည့်ခဲ့ပါတယ်…။
ခုဆို စုစုပေါင်း(၈)ပုဒ်ရှိပါပြီ…။ (အလွမ်းဆိုတဲ့ ကလောင်နာမည်နဲ့ရေးထားတဲ့ ဂစ်တာလေးကပြောသော အချစ်အကြောင်း၊ ပိုချစ်မိတယ်ဆိုတာ ပြောပြဖို့အတွက်၊ သူငယ်ချင်းချစ်သူဆိုတဲ့ ၀တ္ထုတိုလေးတွေလည်း ဂျာနယ်ထဲ ပါပြီးပါပြီ)
ခုကေပြောချင်တာက ကေ့ရဲ့ အလွမ်းဆိုတဲ့ ကလောင်နဲ့ Sep 11 2011 ကရေးထားတဲ့ ကျွန်မရဲ့အတိတ်မှာ ရှင်နေခဲ့ပါ ဆိုတဲ့ ကဗျာကို သူ့စိတ်ကြိုက် Edit လုပ်….ပြီးတော့ ခေါင်းစဉ်ကိုလည်း “ရှင်မှ တစ်ပါး….” လို့ ပြန်ပြောင်းထားပြီး ဒီအပတ်ထုတ် Women’sWorld ဂျာနယ်မှာ ပါလာတာတွေ့ရပါတယ်….။ ကဗျာအောက်မှာလည်း Angle လမင်းခင်လို့ ရေးထားပါသေးတယ်….။
သူ ဘာလို့ ဒီလိုမျက်နှာပြောင်တိုက်ပြီး လုပ်ရဲတာလဲ ဆိုတာ ကေ စဉ်းစားမရပေမယ့်….ဒီလုပ်ရပ်ဟာ ကာယကံရှင် ကေ့ကို ခံရခက်စေလွန်းပါတယ်….။
ဒီဆိုဒ်လေးထဲက Comment Box လေးတွေထဲမှာ ကဗျာလေးကို ကြိုက်ရင် ကူးယူသွားမယ် ဗျို့လို့….Fb မှာ Share မယ်နော်တို့ ကဗျာစာအုပ်လေးထဲမှာ ရေးထားမလို့တို့….ဆိုပြီး အချင်းချင်း အပြန်အလှန် အသိပေးပြီး ခွင့်တောင်းကြတာဟာ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေဖြစ်သလို လူအချင်းချင်း Respect ထားတတ်တဲ့ ယဉ်ကျေးမှုလေး တစ်ခုပါပဲ….။
ကေတို့တွေ ၀ါသနာအရကဗျာရေးတယ်ဆိုတာ သူ သူ ကိုယ်ကိုယ် ကိုယ်ကြိုက် တဲ့ ကဗျာတွေ့ရင် ကူးကြတာ ချည်းပဲ….ကေ လည်း ကူးပါတယ်…..ဒါပေမယ့် ကူးထားတာတွေကို ကိုယ့်ရဲ့ ကဗျာအပိုင်လိုလိုနဲ့တော့ ဘယ်တော့မှ မူမပြောင်းတတ်ကြပါဘူး….ကေ့အနေနဲ့လည်း ကေ့ကဗျာကို ကြိုက်လို့ ကူးယူရင်ပျော်ပါတယ်….တချို့ Facebook  Stuts တွေမှာ ကေ့ကဗျာ အပိုင်းအစလေးများတွေ့ရင် စိတ်ချမ်းသာနေရောပဲ….။
ဒါပေမယ့် အခု မလမင်းခင်ရဲ့ လုပ်ရပ်က သူများရဲ့ ၀ါသနာအရေးတဲ့ ကဗျာကို သူ့ကိုယ်ပိုင်လိုပြောင်းယူပြီး ဂျာနယ်ထဲအထိ ပေါ်ပေါ်ထင်ထင်ထည့်တာဆိုတော့ ဒါ သူ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုလိုက်တာပါ….။
ပြီးတော့ သူ ဒီWebsite ကို အမြဲကြည့်တဲ့သူဆိုရင် ဂျာနယ်ထဲမှာ ပါပြီးသားဖြစ်တဲ့ ကေ့ရဲ့ ဒီဆိုဒ်ပေါ်က ၀တ္ထုတွေအကြောင်းလည်း သိလောက်မှာပါ…။
ခက်တာတစ်ခုက ကေက ဂျာနယ်မှာ အလွမ်းလို့ရေးထားပြီး ဒီဆိုဒ်ထဲမှာက Angle လို့ပဲ သူတွေ့ထားတော့ ကေ့ကိုပါ copy သမားလို့ ထင်သွားပုံရပြီး သူပါ အဲဒီလိုလုပ်တယ်ထင်တာပါပဲ….။
ပြီးတော့ ဂျာနယ်ထဲ ကဗျာပါရင် စာမူခ ရတယ်လေ…. အဲဒီ့တော့ သူ သူများရဲ့ပညာကို ငွေကြေးရဖို့ ပြောင်းတာဆိုရင်တော့ ကေ ၀မ်းနည်းမဆုံးပါဘူး….။
ကေ တော်တော်လေးလည်း ခံပြင်းပါတယ်….။ နောက်ထပ်သူရဲ့ ကဗျာcopy ဟာ ဘယ်သူ့ကဗျာများဖြစ်ဦးမလဲ…..ပြီးတော့ ငါအခုသိရတာ ပထမဦးဆုံးရော ဟုတ်ရဲ့လားလို့ တွေးလိုက်ရင် ကေ တော်တော် လန့်ပါတယ်…။
မလမင်းခင်ရှင့်
အစ်မ ဒီစာကို ဖတ်မိမယ်ဆိုရင် ကေ့ရဲ့ အလွမ်းရော ကေသရီမှာပါ profile မှာ FB Address ရှိပါတယ်
ကေ့ကို တိုက်ရိုက်ဆက်သွယ်ပြီး မကျေနပ်ရင် ပြန်ပြောခွင့်ရှိပါတယ်။
အစ်မရဲ့ ဒီလိုလုပ်ရပ်က အရမ်းနှံချာလွန်းနေတာမို့ ဆင်ဆင်ခြင်ခြင်လေးတော့ လုပ်စေချင်ပါတယ်….။
အစ်က ကဗျာရေးချင်ရင် ကဗျာတွေများများဖတ်ပါ….စာတွေဖတ်ပါ…….တကယ်ရေးချင်တဲ့ ဆန္ဒရှိရင် တကယ်ရေးတတ်လာမှာပါ
ဒီ Poemscorner ဆိုတဲ့ ဆိုဒ်ကလည်း ၀ါသနာရှင်တွေ အချင်းချင်ူး နားလည်ဖြည့်တွေးပြီး အားပေးတတ်တဲ့ဆိုဒ်လေးတစ်ခုပါ
ဒါ့ကြောင့် အစ်မ ဒီဆိုဒ်လေးထဲမှာလည်း အစ်မရဲ့ကဗျာတွေ ရေးနိုင်ပါတယ်…..။
ဂျာနယ်ဆိုတာကတော့ ဘယ်သူ့ဟာ Copy ဘယ်သူ့ဟာက အတည်ဆိုတာ သိမှာမဟုတ်ဘူးလေ သူတို့ဆီကို စာမူပို့လို့ သူတို့ကြိုက်ရင် ထည့်ပေးမှာပဲ……အစ်မ အဲ့ဒီ့လို ဂျာနယ်မှာ ပါချင်ရုံနဲ့ သိပ်စဉ်းစားမနေဘဲ သူများရဲ့ ကဗျာကို အစ်မ မူပိုင်လိုလို လုပ်ပြီး ထည့်လိုက်တာ အစ်မအတွက်လည်း အထင်သေးစရာဖြစ်နေပါပြီ
Copy to Angle လို့ရေးရင်တောင် နည်းနည်းဖြင့်ဖြင့် ခံသာနိုင်သေးပေမယ့် ခုဟာက Angle အောက်မှာ လမင်းခင် ဆိုတော့
တချို့ဒီဆိုဒ်ကို နောက်မှ သိပြီး ကေ့ရဲ့ အလွမ်းဆိုတာကို မသိတော့ဘဲ angle အနေနဲ့သာ ကဗျာတွေကို သိထားတဲ့ ပရိတ်သက်တွေ အနေနေဲ့ အစ်မရဲ့ ခု ဂျာနယ်ထဲက ကဗျာကို ဖတ်မိတဲ့အခါ ဒီဆိုဒ်ထဲက Angle ကိုပါ မလမင်းခင်လို့ ထင်သွားနိုင်ပါတယ်….။
အစ်မ ကိုယ်ချင်းစာပေးပါ…။ ကေတို့က ၀ါသနာအရရေးနေတဲ့ လူငယ်တွေပါ ကေတို့ရဲ့ ကဗျာတွေကို သားကောင်အနေနဲ့ သုံးပြီး အစ်မနာမည် ကျော်အောင် ရေးချင်တယ်ဆိုရင်တော့ မကောင်းတဲ့အလုပ်နဲ့ အစပျိုးခြင်းဟာ ကြာရှည်မခံပါဘူး အစ်မ….။

ကေ့အခုဖြစ်ရပ်ကိုလည်း ဒီဆိုဒ်က မောင်နှမတွေကို သိစေချင်တာပါ….။ ပြီးတော့ ဒီဆိုဒ်ကို အားပေးဖတ်ရှုတဲ့ ပရိတ်သက်တွေအနေနဲ့လည်း ကဗျာများကို ကြိုက်ရင် လွတ်လွတ်လပ်လပ် Share နိုင်ပါတယ်…. ကေ တစ်ခုပဲ အားလုံးရဲ့ကိုယ်စား မေတ္တာရပ်ခံချင်တာက ကေတို့ရဲ့ ဒီဆိုဒ်ထဲက ကဗျာတွေကို ပိုင်ရှင်တွေမသိဘဲ Magazine တို့ ဂျာနယ်တို့မှာတော့ မထည့်ပါနဲ့နော်….။ ကေတို့က ၀ါသနာရှင်တွေလို့ပြောလို့ရသလို…..တချိန်ချိန်မှာလည်း ၀ါသနာကြောင့် ပေါ်ပေါ်ထင်ထင်လူမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်….။ အဲဒီ့အချိန်မှာ ခု မလမင်းခင်လို လုပ်ရပ်မျိုးကြောင့် ပိုင်ရှင်ကနေ Copy ကူးသူလိုလိုလ ပြန်ဖြစ်သွားမှာ စိုးလို့ပါ။။။။။
ကေ ကြီးကျယ်တာမဟုတ်ရပါဘူး….. ဒီဆိုဒ်ထဲမှာ ကေဘယ်လိုမှ လိုက်မမှီနိုင်တဲ့ ကေအားကျတဲ့ အစ်ကိုကြီ ၊ အစ်မကြီး ကဗျာရှင်တွေအများကြီးပါပဲ…..ကေ အားလုံးရဲ့ကိုယ်စား အနူးအညွှတ်မေတ္တာရပ်ခံပေးတာပါ။။။။
ကေ့ရဲ့ခုစာနဲ့ ပတ်သတ်ပြီး ဒီဆိုဒ်ထဲက နေ တစ်ခုခုပြောစရာရှိတယ်ဆိုရင်
ကေ့ gmail က [email protected] ပါ
ကေ့ကို ပြန်ပြောနိုင်ပါတယ်…..။
အားလုံးပဲ copy အကူးခံရခြင်းမှ ကင်းဝေးကြပါစေရှင်….။   ။

ကေသရီ/အလွမ်း

In: Others Posted By: Date: Feb 13, 2013
Comment #1

စိတ်မကောင်းဘူး အမ…
ဒါထက်ဘာပြောရမှန်းမသိလို့ မပြောတော့ဘူး..

commentinfo By: n$n at Feb 14, 2013
Comment #2

ဟုတ်တယ်နော်..အဲလိုလုပ်တာတော့မကောင်းဘူးထင်တယ်။ တို့ လည်းကဗျာလေးတွေကူးတတ်တယ်။ ပြီးတော့ တို့ ခံစားချက်နဲ့ ကိုက်အောင်ပြင်ပြီးတို့ ချစ်သူကိုပို့ပေးတတ်ပေမဲ့ ကိုယ်ရေးတာမဟုတ်ကြောင်းနဲ့  မူရင်းကဗျာနာမည်ကိုထည့်ရေးပေးပါတယ်။ မမှတ်မိတော့ရင်လည်းမမှတ်မိတော့လို့ တို့ အနည်းငယ်ပြင်ထားတဲ့အကြောင်းကိုပါဝန်ခံစာရေးထည့်လေ့ရှိပါတယ်။ ဒါမှ မူရင်းကဗျာရှင်ကိုလေးစားရာ အသိအမှတ်ပြုရာရောက်မှာပေါ့။ အဲလို့ ကြီးကိုယ့်နာမည်ပေါ်တင်ကြီးပြောင်းလိုက်တာတော့လွန်တယ်နော်။ ပြီးတော့ အခကြေးငွေလည်းယူသေးတယ်။
တကယ်ဆိုးတာပဲ။

commentinfo By: Shwethamee at Feb 14, 2013
Comment #3

ကျွန်တော်လည်း ကြုံဖူးပါတယ် မကေ..၊ ကျွန်တော့်ကဗျာ သိပ်ချစ်လို့ဆိုတဲ့ ကဗျာလေးပေါ့ဗျာ….။ ရွှေမြို့တော်ဆိုတဲ့ ဆိုက်မှာ တင်ထားတာတွေ့ခဲ့ရတယ်..၊ ကျွန်တော်လည်း ကျွန်တော့်ကဗျာကို ကူးပြီးတင်ရင် ကျွန်တော့် နာမည်လေးတော့ ထိုးထားပေးစေချင်တယ်ပြောတာပေါ့ဗျာ…။ ကျွန်တော် တင်ထားပြီးဖြစ်တဲံ ဆိုက် လင့် တွေတောင်ပေးခဲ့သေးတယ်….၊ သူက သူငယ်ချင်းပြောတဲံ ဆိုက်တွေကို တစ်ခုမှသိပါဘူးတဲ့…၊ ကိုယ့်စကားကြောင့်သူများကို စိတ်မထိခိုက်ပါစေနဲ့ တဲ့ ဗျာ….။ ဘယ်လောက်ရိုင်းလိုက်သလဲ…။
အဲ့ဒီတော့ကဗျာတွေ ကူးခံရတဲ့ ဝေဒနာကို ကျွန်တော် မျှဝေခံစားပေးခဲ့ပါတယ်ဗျာ….။
မကေရဲ့ ကဗျာတွေကို အားပေးလျက်…၊
အရိပ်ကလေး(အရိပ်)
zawthetoo

commentinfo By: zawthetoo at Feb 14, 2013
Comment #4

ဘာကြောင့် နာမည်ပြောင်းမရသလဲဆိုတာ ကျနော် မေးကြည့်ပြီး အဆင်ပြေအောင် လုပ်ပေးပါ့မယ် ကေသရီ။ ကဗျာကူးယူသွားတဲ့ ကိစ္စကတော့ အောက်တန်းကျတဲ့လုပ်ရပ်မို့ ကျနော်လည်း ရှုံ့ချပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်ကဗျာတွေကိုယ် ကိုယ့်သားသမီး အရင်းတွေလို သဘောထားတဲ့သူမို့ ကေသရီ့ ခံစားချက်ကို ကျနော်နားလည်ပါတယ်။ ဆိုဒ်နဲ့ ပတ်သတ်တဲ့တချို့အချက်တွေတော့ ကျနော် အက်ဒမင်ကို ပြောပြပြီး လိုအပ်တာ ကူညီလုပ်ပေးပါ့မယ်။ ကဗျာအခိုးခံရတာကိုတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့တွေက အွန်လိုင်းမှာ ဝါသနာအရ ရေးနေကြပေမဲ့ အဲလိုလုပ်စားတဲ့ သူခိုးစုတ်တွေကြောင့် စိတ်ပျက်ရပါတယ်။ ကိုယ်တိုင် ဘာမှမဖန်တီးနိုင်ရင်လည်း သူများကဗျာ လိုက်ဖတ်ကြဗျာ ခိုးတော့ မခိုးနဲ့။ ကျနော်လည်း အဲဒီလိုလူတွေကို သိပ်ရွံတယ်။

ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Feb 15, 2013
Comment #5

စိတ်မကောင်းဘူး အစ်မ တကယ်စိတ်မကောင်းဘူးဗျာ အစ်မပြောတဲ့အကြောင်းကြားရတာ ~~

With respect,
RAY

commentinfo By: X - ray at Feb 15, 2013
Comment #6

ကျေးဇူးတင်ပါတယ်နော်
ခုလိုမျိုးကေနဲ့ထပ်တူခံစားပေးတာ….
ကေလည်း ဒီဆိုဒ်လေးထဲက မောင်နှမတွေကို ကေ့ကိုယ်တွေ့လေးပြောပြတာပါ
ဂျာနယ်ကိုတော့ ကေ့ကဗျာဖြစ်ကြောင်းကေပြောထားပါတယ်
သူဒီလိုသာလုပ်နေတယ်ဆိုရင် ကေတို့တကယ့်ကဗျာမူပိုင်တွေက copy သမားလိုတောင် ပြန်ဖြစ်ကောင်းဖြစ်သွားနိုင်လို့ပါ
ကိုချီရွန်(ပုလဲ) ရယ် ဆိုဒ်ကို ပြောလို့ရရင် ပြောပေးပါနော်
User Name ကို မြန်မာလို ပြန်ပြောင်းလို့ရဖို့အတွက်ပေါ့…..
မောင်နှမအားလုံးကို လေးစားပါတယ်ရှင်….။
ကေသရီ အလွမ်း

commentinfo By: ကေသရီ at Feb 15, 2013
Comment #7

ဟုတ်ကဲ့ ကျနော် ပြောပေးပါ့မယ်။ စိတ်ချပါ။ ကျနော် အက်ဒမင်ကို မနေ့ညက စောင့်နေပေမဲ့ သူမလာလို့ မပြောဖြစ်တာပါ။ ဒီနေ့တော့ သေချာပြောလိုက်ပါ့မယ်။ မေးလ်လည်း ပို့ထားပါတယ်။ အဆင်ပြေအောင် လုပ်ပေးပါ့မယ်ဗျာ။

commentinfo By: ChIr0N at Feb 15, 2013
Comment #8

မကေသရီ …

ကဗျာအကူးခံရတဲ့ အဖြစ်အတွက်တော့ စိတ်မကောင်းပါဘူး။ ဂျာနယ်နဲ့ အမြန်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Display Name ပြောင်းလို့မရတာတော့ ကျွန်တော်တို့ System Glitch ဖြစ်ပါတယ်။ အရင်တုန်းကအဲ့ဒီ့ပြသနာမရှိပေမဲ့ system update လုပ်တုန်း bugs ပေါ်လာတယ်ထင်ပါတယ်။ ကျွန်တော်လည်း အခုမှသိတဲ့အတွက် အချိန်ယူပြီး ပြင်ပေးပါ့မယ်။ ဒါနဲ့ အစ်မပြန်ပြီး display လုပ်ချင်တဲ့ နာမည်က ကေသရီလား အလွမ်းလား ဆိုတာ ကျွန်တော့်ကိုပြန်ပြောပေးပါ။ ပြင်နေတုန်းအခိုက်အတန့်မှာ ကျွန်တော် database ထဲက direct အရင်ပြောင်းထားပေးပါ့မယ်။

commentinfo By: admin at Feb 15, 2013
Comment #9

ပွဲလှန့်တုန်းဖျာဝင်ခင်းတာတော့မဟုတ်ပါဘူး bro admin။ ဖြစ်နိုင်မယ် ကူညီလို့ရမယ်ဆိုရင်ကျွန်တော့် Display name ကိုလည်း အရိပ် အဖြစ်ပြောင်းပေးစေချင်ပါတယ်ခင်ဗျာ။

commentinfo By: အရိပ် at Feb 15, 2013
Comment #10

ရင်ဘတ် ဖောက်စားခံလိုက်ရတဲ့အတွက်
ထပ်တူတပ်မျှ ခံစားနားလည်မိပါတယ်
နောက်ထပ်မဖြစ်အောင်ဆိုတဲ့…….အတိုင်းအတာလေးတစ်ခုတော့ဆုတောင်းပေးမိပါတယ်။

commentinfo By: moehtetaung18 at Feb 15, 2013
Comment #11

စိတ်မကောင်းပါဘူး ဘယ်သူမဆိုဒါမျိုးမလုပ်သင့်ဘူး

commentinfo By: myintzaw at Feb 15, 2013
Comment #12

ကေသရီခင်ဗျာ ကျနော် တာဝန်ကျေပါပြီနော်။ ဂျာနယ်က ကိစ္စကတော့ အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကဗျာရွာကကိစ္စကတော့ အက်ဒမင်ကိုယ်တိုင် ဖြေရှင်းပေးမှာမို့ အဆင်ပြေပါပြီနော်

commentinfo By: ChIr0N at Feb 15, 2013
Comment #13

စိတ်မကောင်းပါဘူး ခင်ဗျာ…..pro မဟုတ် ပေမယ့် ၀ါသနာရှင်တစ်ယောက်အနေနဲ့ 
ဝမ်းနည်းပါတယ်…..လို့ပဲ ပြောချင်ပါတယ်…..

commentinfo By: Arker at Feb 16, 2013
Comment #14

ကျေးဇုးတင်ပါတယ် Admin ရယ်
ကေ Display လုပ်ချင်တာကတော့ (၂)ခုလုံးပါပဲ
Select an author ထဲက ကေသရီ အတိုင်း Kaythari ဆိုတဲ့နေရာမှာပြောင်းချင်သလို
Select an author ထဲက အလွမ်း အတိုင်း Angle ဆိုတဲ့နေရာမှာလည်းပြောင်းချင်ပါတယ်ရှင့်
အဆင်ပြေမယ်ဆိုရင် ကူညီပေးပါဦးနော်
ဂျာနယ်တိုက်ကိုတော့ ကေ့ကဗျာဖြစ်ကြောင်း Linke နဲ့တကွ မေးလ်ပို့ပြီးပါပြီ
ကို ChIr0N ကိုလည်း ကျေးဇူးတင်ပါတယ်
နောက်ပြီး ကေ့ကို ကိုယ်ချင်းစာကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကေ ကျေးဇူးအထူးတင်ပါတယ်ရှင်….။

commentinfo By: ကေသရီ at Feb 16, 2013
Comment #15

ဦးနှောက်ဖောက်စားတာခံလိုက်ရတယ်ပေါ့။
ဒါဟာဥာဏ်စဉ်မမှီ၊သိက္ခာမရှိသူရဲ့လုပ်ရပ်ပါ။
တစ်မျိုးလှည့်တွေးရရင်တိုက်ဆိုင်တာဖြစ်ချင်ဖြစ်မယ်။
ဒါပေမယ့်ခဲယဉ်းပါတယ်ဗျာ။အားပေးလျှက်…

commentinfo By: miss tower at Feb 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment