Professional Authors

သားဟာအဖေ့ဘ၀…အဖေဟာကျွန်တော့ဘ၀ပါပဲ

အိန္ဒိယကကောင်လေးတစ်ယောက်အကြောင်းပေါ့။ကောင်လေးကိုသူ့မိဘတွေက
ဘော်ဒါကျောင်းတစ်ခုကိုပညာသင်ဖို့ပို့လိုက်တယ်။ဘော်ဒါမပို့ခင်တုန်းကကောင်လေး
ဟာသူ့အတန်းထဲမှာအတော်ဆုံးကျောင်းသားတစ်ယောက်ပဲ။ပြိုင်ပွဲတိုင်းထိပ်ဆုံးမှာ
ရှိနေခဲ့တယ်။သူဟာချန်ပီယံတစ်ဆူပေါ့။

ဘော်ဒါမှာကျောင်းတက်ပြီးနောက်ပိုင်း ကောင်လေးဟာပြောင်းလဲလာခဲ့တယ်။သူ့ရမှတ်
အဆင့်တွေစကျလာတယ်။အစုအဖွဲ့ထဲနေရတာမုန်းတီးရွံရှာလာတယ်။အချိန်တိုင်းလိုလို
သူဟာတစ်ကိုယ်တည်းအထီးကျန်အားငယ်နေခဲ့တယ်။သူ့ကိုယ်သူသေကြောင်းကြံ
တော့မယ်လို့တွေးလိုက်တိုင်းအမှောင်ဆုံးကာလတွေပေါ့။ဒါတွေအားလုံးကသူဟာ
တန်ဖိုးမရှိဘူး၊သူ့ကိုဘယ်သူမှအလေးမထားမချစ်ကြဘူးလို့ခံစားနေရလို့ပဲ။

သူ့မိဘတွေကောင်လေးကိုစိုးရိမ်လာခဲ့ကြတယ်။ဒါပေမယ့်သူတို့ဟာကောင်လေးမှာ
ဘာပြဿနာတွေရှိလဲ၊ဘာတွေမှားနေပြီလဲဆိုတာမသိသေးဘူး။ဒါကြောင့်ကောင်လေး
အဖေကကောင်လေးတက်နေတဲ့ဘော်ဒါကိုလိုက်သွားပြီးကောင်လေးနဲ့စကားပြောကြည့်
ဖို့ဆုံးဖြတ်လိုက်တယ်။

ကျောင်းနားမှာရှိတဲ့ကန်လေးရဲ့နံဘေးမှာသားအဖနှစ်ယောက်ထိုင်လိုက်ကြတယ်။
အဖေကကောင်လေးကိုခုတက်နေရတဲ့အတန်းအကြောင်း၊ဆရာတွေအကြောင်း၊ကျောင်းမှာ
လုပ်ရတဲ့အားကစားတွေအကြောင်းစမေးလိုက်တယ်။ပြီးတော့
“ဒီနေ့ဒီနေရာမှာ အဖေဘာကြောင့်ရှိနေရတာလဲ သားသိလား”လို့မေးလိုက်တယ်။
“ကျွန်တော့်ရမှတ်၊အဆင့်တွေကိုအဖေလာစစ်ဆေးတာမလား”ကောင်လေးပြန်ဖြေတယ်။
မဟုတ်ဘူး သား… သားဟာအဖေ့အတွက်အရေးကြီးဆုံးလူတစ်ယောက်ဆိုတာပြောပြဖို့
အဖေဒီနေရာမှာရောက်နေရတာ…သားပျော်ရွှင်တာကိုပဲအဖေမြင်ချင်တယ်…သားရဲ့ရမှတ်၊
အဆင့်တွေကိုအဖေစိတ်မ၀င်စားဘူး…သားနဲ့သားပျော်ရွှင်မှုကိုပဲအလေးထားဂရုစိုက်တာ…
သားဟာအဖေ့ဘ၀ဖြစ်နေလို့ပဲ….

အဖေ့စကားတွေကကောင်လေးကိုထိခိုက်ဝမ်းနည်းစေတယ်။ကောင်လေးမျက်လုံးမှာမျက်ရည်တွေ
နဲ့ပြည့်လို့။ကောင်လေးသူ့အဖေကိုသိုင်းဖက်လိုက်တယ်။အချိန်အတော်ကြာအောင်သားအဖ
နှစ်ယောက်ဘာစကားမှမပြောဖြစ်ကြဘူး။
ခုတော့ကောင်လေးဟာသူလိုချင်တဲ့အရာတိုင်းရခဲ့တယ်။ကမ္ဘာပေါ်မှာသူ့ကိုနှစ်နှစ်ခြိုက်ခြိုက်ချစ်ခင်၊
အလေးထား၊ဂရုစိုက်တဲ့တစ်စုံတစ်ယောက်ရှိနေသေးတယ်ဆိုတာသူသိခဲ့တယ်။ကမ္ဘာကြီးကိုလည်း
သူနားလည်ခဲ့တယ်။
ခုချိန်မှာတော့အဲဒီလူရွယ်ဟာသူတက်တဲ့ကောလိပ်ရဲ့အတန်းထဲမှာအတော်ဆုံးကျောင်းသားတစ်ယောက်
ဖြစ်နေပါပြီ။သူဝမ်းနည်းအားငယ်နေတာကိုဘယ်သူမှနောက်ထပ်,ထပ်မတွေ့ရတော့ပါဘူး။
ကျေးဇူးပါအဖေ…အဖေဟာကျွန်တော့ဘ၀ပါပဲ….
မူရင်းlink http://www.inspirationpeak.com/cgi-bin/stories.cgi?record=131

In: Others Posted By: Date: Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment