Professional Authors

အချစ်လေလံတင်ပွဲ

လူတွေဝိုင်းအုံဆူပွက်နေသည်။ဈေးခေါ်သံလိုလိုကိန်းဂဏန်းသံတွေလည်းကြားရ၏။
သူယောင်လည်လည်နဲ့ထိုအနားရောက်သွားသည်။ရှေ့ကလူများ၏ပုခုံးပေါ်မှကျော်၍
ဝိုင်းအတွင်းကိုသူကြည့်လိုက်သည်။အား ပါး ပါး ခပ်ချောချောခေတ်ဆန်ဆန် ကောင်မလေးတစ်ယောက်။ထဘီနဲ့မထိတွေ့ဖူးတာကြာပြီဖြစ်ကြောင်း
ထိုကောင်မလေးကိုခန့်မှန်းကြည့်ရင်းသူသိလိုက်သည်။သူလည်းသိလိုဇောဖြင့်ဘေးက
လူတစ်ယောက်ကိုမေးမိသည်။
“အစ်ကို…ဒါဘာလုပ်နေကြတာလဲ”
ထိုလူကလည်း သူ့ ကို တုံးလိုက်အလိုက်ပါဘိကော ဆိုတဲ့အကြည့်ဖြင့်တစ်ချက်ရှိုးလိုက်ပြီး
“အချစ်လေလံတင်ပွဲလေကွာ…ဈေးအပြိုင်ခေါ်သံတွေမင်းမကြားဘူးလား…
မင်းမှာပိုက်ဆံပေါပေါလောလောပါရင်ဝင်အပြိုင်ခေါ်လို့ရတယ်…စိတ်ဝင်စားစရာပဲကွ…
ဘယ်လောက်ကိန်းဂဏန်းထိပေးကြမလဲ စောင့်ကြည့်နေတာ…”
သူ အံ့သြသွားမိသည်။သူနဲ့ မသက်ဆိုင်သောဂြိုလ်ကြီးတစ်လုံးထဲရောက်သွားသလိုလည်း
ခံစားလိုက်ရသည်။ဈေးအပြိုင်အဆိုင်ခေါ်သံကိန်းဂဏန်းတွေကလည်းလေထုထဲမှာ
အော်ဂလီဆန်ချင်စဖွယ်။သူကောင်မလေးမျက်နှာကိုလှမ်းကြည့်လိုက်သည်။ကိန်းဂဏန်းများ
ပြေးလွှားနေကြသည်။သူ့အာရုံတွေမူးနောက်လာသည်။အသက်ရှူရတာမွန်းကြပ်လာသည်။
ပြားကပ်ကပ်သူ့ဂျင်းဘောင်းဘီအိတ်ထဲလက်နှိုက်ကြည့်မိသည်။တစ်စုံတစ်ခုကိုသူစမ်းတွေ့မိသည်။
ထိုတစ်စုံတစ်ရာကိုရုန်းထွက်သွားမှာစိုးရိမ်သည့်အလား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
သူပိုင်ဆိုင်သောထိုတစ်စုံတစ်ရာကိုအချစ်လေလံတင်ခံသည့်ကောင်မလေးမမက်မောမှန်းသိ၍
သူဝင်မပြိုင်ဖြစ်ခဲ့ပါ။အညှီအဟောက်လေထုကိုကျောခိုင်းကာ သူလှည့်ထွက်လာခဲ့လိုက်သည်။
(ကောင်လေးလက်ထဲဆုပ်ကိုင်ထားသောအရာမှာ ကောင်မလေးမမက်မောသော မဖြစ်စလောက်
ရိုးသားမှုသာဖြစ်သည်…..)
In: Others Posted By: Date: Dec 21, 2012
Comment #1

Impossible.

everyone like honesty.
everyone need simplicity.

U urself feel down & chose the way u like.
She didn’t have anything to choose .

commentinfo By: ei lay at Dec 21, 2012
Comment #2

haha ….this is only any thought, any feeling and any massage.I don’t intend to all.

commentinfo By: lynnkhaing at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment