Professional Authors

အလွမ်းသီ

မျက်လုံးတွေက စိတ်ဝင်စားမယ်လို့ ထင်ရတဲ့ ၀တ္ထုခေါင်းစဉ်တွေကိုရွေးချယ်ဖတ်နေမိတယ်….
ခေါင်းစဉ်တွေတစ်ခုပြီးတစ်ခုပြီးသွားတယ်….
နားကလည်း earphone ကိုမဖြုတ်တမ်းတပ်ထားပြီး သီချင်းနားထောင်နေလိုက်တယ်…
ဒီကြားထဲဗိုက်ဆာလာတယ်ထင်လို့ အာလူးကြော်တစ်ထုပ်ဖောက်ပြီးတကြွပ်ကြွပ်ဝါးနေလိုက်ပြီးပြီ…
ဆိုးတာက ရင်ထဲကတစ်ခုခုလိုနေသလိုခံစားချက်ပဲ…..
အဲဒါလွမ်းတယ်လို့ အမည်တပ်ရမလားးးးး

သူခဏတာမရှိနိုင်ဘူးဆိုတဲ့နောက် ကျွန်မရုတ်တရက်အထီးကျန်သွားတော့တာ…
သူနဲ့ ကျွန်မကြားမှာမိုင်ပေါင်းများစွာခြားနားနေခဲ့တုန်း…သူ့ အနီးကိုရောက်သွားဖို့ လည်းကြိုးစားနေရတုန်းပါပဲ…
သူနဲ့ ကျွန်မဟာ တခြားလူသားတွေနည်းတူ တစ်စုံတစ်ရာရဲ့ စေစားမှုနဲ့ အတူ
သူကကျွန်မကိုမတွေ့ ဖူးပဲ… ကျွန်မကသူ့ ကိုမမြင်ဖူးရသေးပဲ သူ့ အချစ်ကိုလက်ခံခဲ့တယ်…..
သူ့ လက်တွေရဲ့ နွေးထွေးမှုကိုထိတွေ့ ခွင့်မရပေမယ့် သူ့ ကမ်းလက်တွေကိုရဲရဲတွဲလျှောက်နင်းဖြတ်ရင်း
အချိန်ကာလ ပြက္ခဒိန်တစ်ခုအပြောင်းမှာ သူ့ ကိုပိုလည်းချစ်တတ်လာခဲ့ပြီ…..
အချိန်တိုင်း အတူရှိနေပေးတတ်တဲ့သူမရှိရင် မနေတတ်သလိုလို……
တစ်ခါတစ်ခါလည်း တွဲလက်တွေကိုဖြုတ်ပြစ်လိုက်ဖို့ အထိနာကျင်ရရဲ့ …
တစ်ခါတစ်ခါလည်း အပြုံးနှစ်ခုရဖို့ အရာပေါင်းများစွာနင်းဖြတ်ရရဲ့ ….
သေချာတယ်… screen ပေါ်ကသူ့ အပြုံးတွေကိုကျွန်မဖန်တီးပေးချင်နေတုန်းပါပဲ…
မနက်ဖြန်တွေခါးသီးနေတုန်းပါပဲ….သူနဲ့ မဆုံနိုင်သေးသရွေ့ ပေါ့။။။။။

In: Others Posted By: Date: Nov 9, 2012
Comment #1

အမြန်ဆုံးဆုံတွေ့ပါစေ အမရေ

commentinfo By: မေပျို at Nov 9, 2012
Comment #2

wow,,
hit to the heart deeply.

commentinfo By: ei lay at Nov 10, 2012
Comment #3

ဟုတ်ကဲ့..ပေးတဲ့ဆုနဲ့ အမြန်ပြည့်ချင်ပါသီ 🙂
ရင်ထဲကထွက်ပေါ်လာတဲ့ဆူညံသံတစ်စွန်းတစ်စပါ…
ရင်ထဲမှာသိမ်းထားလို့ မရတော့လို့ ဒီကိုရောက်လာရတာပါ ..

commentinfo By: Hamburger at Nov 10, 2012
Comment #4

Hi Dear… ([email protected]) is my email
My name is Miss Nelly ,I wish i could get to know you for it is my pleasure to have you as my friend for a friend is all about Respect,Admiration and Passion also friendship consist sharing of ideas and showing true love without cheats,lies and betrayal and i have this feelings to share with you, i believe that you are the type of one that i want in my life for a serious relationship,i want you to know that age, race,and religion is not important to me all that is important to me is pure love,waiting to hear from you i will send you my picture please reach me at ([email protected]), sorry i could not upload my picture here, but i well send you some as soon as i read from you, Have a beautiful day thanks,
([email protected]) Miss Nelly.

commentinfo By: nellyuu at Dec 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment